- သေချာချိန်ရွယ် ထား တာ မဟုတ်ပါဘဲ
သူပြုံးလိုက် တိုင်း အမှတ်တရ တွေ က
ဝင်းခနဲ လက် ခ နဲ
သံယောဇဉ် ကို အချိုးချကြည့် တယ်
ဒဏ်ရာတစ် ခုကို ပြုပြင် ဖာထေးဖို့
သူ့ ခေါ်သံလေး လွင့်လာရုံ နဲ့ ဖြစ်တယ်
ရာသီတွေ မှား ဝင်လာပုံပဲ
သူ့ဘေးမှာ နားနေခွင့် အတွက်
ခံနိုင်ရည် အင်အား မျှအောင် ကြိုးစား ရင်း
သူကလွဲ လို့ အရာရာ မြေမြှုပ် ပစ်မယ်
ငါဆို တာ ဘာသာပြန်လွဲ တဲ့ လေဟာနယ်
ချစ်သူပြောတဲ့ အိပ်မက် က
ဘယ်လောက်ထိ မွှေးပျံ့ကြောင်း
မျက် ဝန်း အထိအတွေ့ ရဲ့ လှုတ်ခတ်ခြင်း က
ကျမ်းစာတစ်စောင် လို အရေးပါကြောင်း
ထားပါတော့ လူတွေ အမြင်မှာ
ငါက အဆုံးထိ မိုက် သူ
အချစ်ဆို တာ ခဏ လေးနဲ့
အဲ့ဒီလို သာသာ ယာယာ ရင်ခုန်တတ် ပါတယ်
အသံတိုးတိုး လေး ကို ရှာနေတာပါ
အလင်းဖျော့ဖျော့ ကို ပိုင်ဆိုင် ဖို့
ည အမှောင် ကို စတေးထားတာ
အချစ် က ရနံ့ တစ်ခုလို အငွေ့ ပြန်ကြောင်း
ဘယ်သူမှ မသိလည်း ရတယ်
••●♥Lawn Lay♥● ••
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Monday, November 18, 2013
အယူအဆ
Sunday, November 17, 2013
နင်မသိအောင်
-
သတိရနေခွင့်မှတစ်ပါး...."
နောင်တတွေနဲ့ အဖြေအကြားလုပ်မိတိုင်း
လူမသိ သူမသိ အရှုံး အသစ်တွေနဲ့
ကိုယ့်ကျဆုံးခန်း ကိုယ်ပြန်ရစ်ကြည့်နေရသလို....။
အမှန်တရားတွေကပဲ အနာတရ ဖြစ်စေခဲ့တာလား...?
ဝေဒနာတွေ ကြိုးညှိတဲ့အခါ
ရင်ကွဲနာတွေ ရိုးမြေကျလုနီးပါး....ထိရှလာတယ်။
ကိုယ့်စိတ်ကို မြင်အောင်ကြည့်မိတိုင်း
ရင်ဘတ်ကပြို မျက်ဝန်းတစ်စုံက စို စို လာတတ်တယ်။
အတ္တတွေ ခေါင်းဆောင်စေခဲ့တာမို့
ခုချိန်မှာ
အငိုမျက်လုံး အပြုံးမျက်နှာနဲ့.....
သူ့အာဃာတတွေ ပိုက်ပွေ့
နေ့ရှိသရွေ့.......သူ့အကြောင်းတွေနဲ့သာ ထိတွေ့နေချင်မိပါရဲ့........။
အတိတ်တွေနဲ့ ငြိမ်းချမ်းရေးယူဖို့ ကြံရွယ်ပြန်တော့
မာနက ရင်ကိုခွဲတယ်
မုသားက နှလုံးသွေးတွေ ပြန့်ကျဲစေတယ်
ဦးနှောက်နဲ့ စွန့်စားရှာတွေခဲ့တဲ့ လမ်း.....
အလွမ်းတွေလည်း ရေမျောကမ်းတင်ဆန်ခဲ့ပေါ့။
အပြစ်ရှိသူတို့ ၀တ္တရားအတိုင်းပါပဲ
ကိုယ့်အမှားဆိုတဲ့ စိတ္တဇက
ပရိဒေ၀တွေကို မနိုင့်တနိုင်ထမ်းလို့
အဦးဆုံးအိပ်မက်တွေ အရိုင်းဆန်စေခဲ့တဲ့ကိုယ်
သူ့ကို သတိရနေခွင့်မှတစ်ပါး.......
ဘယ်လို ပြင်ဆင်ခွင့်နဲ့မှလည်း မထိုက်တန်တော့ပါဘူးလေ။ ။
••●♥Lawn Lay♥●••
နောက်ဆုံး အိပ်မက်
ထားခဲ့တော့မှာလား
လည်ပြန်လေးတော့ ကြည့်လိုက်ပါ
အမှီအတွယ်မရှိတဲ့ ငါ့မျက်ဝန်းထဲမှာ
သံယောဇဉ် လေးတွေ မင်းတွေ့၇ဲ့လား
မင်းမြင်မိမှာပါ ငါဂရုစိုက်မူတွေကိုပေါ့
သြော်
ဘယ်လိုပြောပြော မရတဲ့ သူမကိုမှ
ချစ်မိတဲ့ငါ
ကျန်ရစ်သူ အဖြစ် လောကကိုရင်ဆိုင်ရဦးမှာပါ့လား
ပျော်မြူးခဲ့တဲ့ အတိတ်ကအကြောင်းအရာတွေက
ငါ့ကိုလက်ဆွဲနုတ်ဆက်နေပြီး good byeတဲ့
သြော်
ငါ မမက်ချင်တဲ့ အိပ်မက်က
နောက်ဆုံးအိပ်မက်ဖြစ်နေပါရော့လား♥♥♥
အသင့်
- နှုတ်ဆက်ရင်းနဲ့
အလွမ်းဝေ...
ကြွေတဲ့....မျက်ရည်ကို
သက်သေပြ...။
ရက်ရှည်မက...ကျွမ်း
အနမ်းတွေ ပျောက်တဲ့
ဒီည...
ခင်တွယ်စရာ ပျက်သုန်းလို့
အမျက်အမုန်းများ
ထားခဲ့လေသလား
ဖြေကြားဦးလေ...။
အခု.....
ခွဲခွာခြင်း လမ်းဆုံမှာရပ်ကာ
ဇာတ်လမ်းလည်းဆုံး
အမြဲတမ်းပြုံးနိုင်ဖို့
ငါ အစွဲလမ်းဆုံး
(မင်းရဲ့)
နောက်ဆုံး အနမ်းတစ်ပွင့်
အသင့် ထည့်ပေးလိုက်ပါ
အလွမ်းတွေနဲ့...မြည်းဖို့လေ။ ။
••●♥Lawn Lay♥●
Saturday, November 9, 2013
အဆိပ်တစ်ခွက်ကို ချိုမြိန်စွာ သောက်သုံးခြင်း"
သေခြာပါတယ် နင် နင်းသွားရာလမ်း
ဖြောင့်ဖြူးဖို့ ဆိုရင်
မြေသားတွေ အစား အသည်းတံတား ခင်းပေးထားမှာ။
သွေးထွက်လွန် အဆိပ်သင့် အချစ်မှာ
နောက်ထပ် ဆုံးရှုံးဖို့ဆိုတာ
ဘာရှိအုံးမှာလဲ
ဘဝတစ်ခုလုံးသေ ပေးထားလိုက်ပြီ။
ငါက
အမှိုက်တစ်စ မဖြစ်စေချင်ခဲ့ဘူး
နင့်အတွက် ကျောက်စက်ရေ တစ်စက်လောက်ပဲ ဖြစ်ချင်ခဲ့တာပါ။
အချိန်ပြည့် ဂရုစိုက်မှု့ဆိုတာ မဖြစ်
လစ်ဟာမိရင် တောင်းပန်ပါတယ်
နင့် အလုပ်တွေ ဖြောင့်ဖြောင့်မလုပ်ဖြစ်မှာစိုးလို့
အလိုက်တသိနေပေးတာပါ။
နင်ဖြစ်ချင်တာတွေ
တသွေမတိမ်း ဂရုစိုက်နေတဲ့ကြား လွဲမှားနေတဲ့ဘဝ
ကံကိုပဲ ယိုမယ်ဖွဲ့
ငါ့ကိုယ်ငါပဲ အပြစ်တင်နေမိခဲ့တယ်။
နင့်အိမ်ရှေ့ သီဆိုကြွေးနေတဲ့
ငါ့တေးသံလေးက မာနကိုချခင်း ဒူးထောက်အရှုံးပေး
အလံဖြူလေး လွင့်နေမိတာပါ။
ရန်သူစစ်စစ်တွေမှာတောင် အလံထောင်
ကျေနပ်ပေးရတာ
ငါတို့က ရန်သူစစ်စစ်တွေ မှ မဟုတ်တာ။
ဘာပဲဖြစ်ဖြစ်
မှားယွင်းမှုတွေဖြစ်တိုင်း
ငါပဲ အမည်တပ်ခဲ့
သိပ်ချစ်တဲ့ စိတ်က နင် အရာရာမှန်တယ်။
ဘဝတစ်ခုလုံး ပုံချစ်ခြင်းရဲ့ ရလဒ်
ဒဏ်ရာတွေသာဖြစ်မယ်ဆို
ငါပဲ ရပါစေတော့။
နင် စိတ်ချမ်းသာပါစေတော့
နင်ပျော်ရွှင်ပါစေတော့
နင် သာယာပါစေတော့
အရှုံးများနဲ့ ဒီကောင့် နှလုံးသား
ကိုယ်ပြန်ရိတ်သိမ်းနေပါတယ်
ကောင်းမလေးရယ်………။
သိင်္ဂါလှိုင်(ကဗျာမြေသား)
Subscribe to:
Comments (Atom)













