ချစ်သူ . . . ဆုတောင်းတိုင်းသာ
ပြည့်မယ် ဆိုရင်
မင်းနဲ့ မဆုံခင် အချိန် လေးတွေ
ပြန်လို ချင်တယ် . . .
ချစ်သူ . . . ဆုတောင်းတိုင်းသာ
ပြည့်မယ် ဆိုရင်
မင်းကြောင့် ကွဲကြေခဲ့ရတဲ့
ငါ့နှလုံးလေး ပြန်လို ချင်တယ် . . .
ချစ်သူ . . . ဆုတောင်းတိုင်းသာ
ပြည့်မယ် ဆိုရင်
မင်းကြောင့် ကုန်ဆုံးခဲ့တဲ့
အချိန်တွေ ပြန်လိုချင်တယ် . . .
ချစ်သူ . . . ဆုတောင်းတိုင်းသာ
ပြည့်မယ် ဆိုရင်
ငါ လေ မချစ်တတ်သူ
တစ်ယောက် ဖြစ်ချင်တယ်
ဆုတောင်းတိုင်းသာ
ပြည့်မယ် ဆိုရင် ပေါ့လေ . . .
အလွမ်းသင့်ပန်းချီ (N.D),







0 comments:
Post a Comment