Wednesday, September 25, 2013

ဘ..ဝ



သြော် . . . ဘဝ ဘဝ

အရယ်လွယ် အရှိုက်ခက်တဲ့ ဘဝ

ဇာတ်ဆရာ အလို ကျ ကရပြန်တယ် . . .

သြော် . . . ဘဝ ဘဝ

ဝမ်းစာတစ်ထွာ အတွက် ရုန်းကန်ကြရင်း

လောဘ ဒေါသ ရဲ့ ပူလောင်မှု့ တွေက

ဝါးမျို ပြန်တယ် . . .

သြော် . . . ဘဝ ဘဝ

တပ်မက်မှု့ များလွန်းတဲ့ဘဝ

မောဟမီးက လောင်မြိုက် ပြန်တယ် . . .

သြော် . . . ဘဝ ဘဝ

လောဘ ဒေါသ မောဟ ပေါင်းတော့

ကိလေသာ အမှောင်မိုက်ထဲ

မျောမိပြန်တယ် . . .

သြော် . . . ဘဝ ဘဝ

ငိုခြင်း နဲ့ စ ငိုခြင်း နဲ့ ဆုံးတဲ့ဘဝ

ဒီ သံသရာ ဝဋ် ဆင်းရဲမှ

လွတ်လမ်း ရှိသော်လည်း တရားမေ့လို့

အပျော်မက်ကာ သေ သောခါမှ

နောင်တရမည် မလွဲပေတည်း . . . .

0 comments:

Post a Comment