Wednesday, September 25, 2013

ကမ္ဘာလေးသို့လွမ်းချင်း




ငါရဲ့ဘ၀ ၊ ပြန်တူးဆွကြည့်
အချစ်စစ်က ၊ အဝေးမှာလေ
ဝေးနေပေမယ့် ၊ ငါ့ရဲ့မျက်နှာ
မပျက်ခိုင်မာ ၊ မေတ္တာနှောင်ကြိုး
တိုးပြီးရင်းတိုး.................

မရိုးနိုင်ပါ
ဝေးကွာနေ့ည ၊ သာမာန်မျှလည်း
ထိုအချိန်က ၊ သာမာန်မက
ကြာလှတယ်ထင် ၊ ရင်ခွင်ကြွေနွမ်း
လွမ်းပြီးရင်းလွမ်း...........

တမ်းတနေတာ
ကမ္ဘာငယ်လေး ၊ ထွေးပွေ့လို့ထား
ရင်ခွင်ကြားမှာ ၊ စကားချိုသာ
နှုတ်ခမ်းလွှာလေး ၊ တစ်လွှာ နှစ်လွှာ
သုံးလွှာ လေးလွှာ ၊ ရေကာတွက်ရင်း
ချစ်ခြင်းရနံ့ ၊ နူးညံ့ချိုသာ
အနမ်းကာရံ ၊ ညီညာလေရာ
တေးကဗျာနှင့် ၊ ကမ္ဘာလေးက
လှပြီးရင်းလှ..................

လှပနေရှာ
ကမ္ဘာလေးမှာ ၊ ကာရံချိုမြ
အနမ်းကဗျာ ၊ စပ်ကာဆိုရင်း
ချစ်ခြင်းတို့ရဲ့ ၊ နေ့နဲ့ညတွေ
ကုန်လေသည်က ၊ သာမာန်မျှလည်း
ထိုအချိန်က ၊ သာမာန်မက
တိုလှတယ်ထင် ၊ ရင်ခွင်ကြွေနွမ်း
လွမ်းပြီးရင်းလွမ်း..............

0 comments:

Post a Comment