Wednesday, September 25, 2013
ကြိုးဆွဲရုပ်
မြတ်နိုးခြင်းတွေထုပ်ပိုးပြီး
နုလုံးသားရဲ့အခန်းထောင့်ကို
လွှတ်ပစ်လိုက်တယ်....
မျက်ရည်ဝဲနေတဲ့စတိုခန်းတခုလို
မငိုရဘူးမရီနိုင်ဘူး
ငါကပြဇာတ်ကနေတာမဟုတ်ဘူးတဲ့။
ဆူးအစင်းစင်းစိုက်နေတဲ့ဒဏ်ရာ
နှုတ်ဖျားကဟာသနဲ့ဆန့်ကျင်ဖက်။
ခံစားချက်တွေထက်ငါက
ဖြစ်သင့်တာကိုလုပ်မဲ့သူ
ထားခဲ့တယ်လား
ထားလိုက်စမ်းပါ
နင်ပျော်ရင်ငါဝမ်းသာတယ်လေ
ပိုင်ဆိုင်ဖို့မတွေးခဲ့တာငါ့သစ္စာ
မင်းဆွဲတဲ့ငါ့အတွက်ကြိုးက
ဘီလူးရုပ်ဖြစ်နေမှတော့
ကပြမယ်ခပ်ကြမ်းကြမ်း
ကြည့်သူတွေတံတွေးနဲ့ထွေးထွေး
အမှန်တရားအစစ်ကိုသိနေသားနဲ
့ လက်ဖမိုးကိုလက်ဖဝါးထားလည်း.........
ဒီအခန်းမှာဒီလိုသရုပ်ပြဖို့
အကယ်ဒမီရအောင်ကိုကမယ်။
နုလုံးသားနဲ့ ဦးနှောက်ရေ
မင်းတို့မျက်နှာမကြည့်ပဲ
ဒီတစ်ခါ ငါမိုက်ပြပါရစေ
သူ့အလိုအတိုင်း...
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment