Thursday, September 26, 2013

ဖြစ်ရပ်မှန်



လ မပါတဲ့ ညတွေမှာ
ငါ ဟာ အဖော်မဲ့စွာ
ကြေကွဲနေရဆဲ
ငါ့ ရဲ့ ငိုညည်းသံတွေဟာ
လ မိုက်ညရဲ့
ကြေကွဲတေး သံတွေလား

အတိတ်က သူမနဲ့ ပျော်ဖူးတဲ့နေ့တွေက
ခု ဆို တစေ တစ်ကောင်လို
နေ့ခင်းကြောင်တောင်
ကိုယ်ထင်ပြနေပါလား

အနမ်းတွေကလည်း
အခုတော့ အလွမ်းတွေဖြစ်ချေပြီ
တစ်ချိန်က အနမ်းတွေကို
တမ်းတမိပါရဲ့
ဖြစ်မလာ မှန်းသိပါလျက်
ရူးမိုက်စွာ မျှော်လင့် တောင်းတနေမိတယ်ချစ်သူ♥♥♥
 
ဆူးကိုကို

0 comments:

Post a Comment