တကယ်ဆို
သူမလက်တစ်စုံကို ဖမ်းဆုပ်ဖို့ဆိုတာ
ကိုယ့်အိပ်မက် ကိုယ်ချော့သိပ်ရတဲ့ ည
စိတ်ကူး
အတွေး
အစွဲအလမ်း
ဒါတွေအားလုံး ပေါင်းစပ်လိုက်တာတောင်
အိပ်မက်မက်ခွင့် မပြုလိုက်ရတဲ့ ည
စည်း ဒါဇင်လိုက်မှာ
ရော
ယောင်
ကြေ
ကွဲ
တွန့်
ကြွေ
လွင့်
ပါး နေတဲ့ ည
ည ရယ်လို့ဖြစ်လာတာတောင်
ညဖြစ်ရှုံး တဲ့ ည
ဟောဒီ ည ပေါ့
သူ့ ကျဆုံးမှုတွေကို
(အရိပ်မည်း တစ်ခုလို)
ထ,ထ ရယ်တတ်တာ။ ။
0 comments:
Post a Comment