မိန်းခလေးရေ
ညတာရှည်တဲ့ ဆောင်းညတွေမှာ
လွမ်းတမြမြ၊ ဆွေးတတနှင့်
ပါးထက်ကမျက်၇ည်
နှလုံးသားသို့စီးဆင်း
ငါသောက်နေကျ Red Ruby
အလွမ်းတွေကိုသယ်ဆောင်နိုင်ပါ့မလ
တစ်လိပ်ကုန်၊ နှစ်လိပ်ကုန်နဲ့
နံနက်ကမှဝယ်လာတဲ့မီးခြစ် ဆီမ၇ှိတော့ဘူး
ဟိုတုန်းကဆိုရင်
မင်းအနားမှာငါ
ငါ့အနားမှာနင်
ပလီပလာ ချစ်စကာတွေနဲ့ကွယ်
ပျော်စေတဲ့စိတ်ကူး
ခုတော့
လွမ်းနေတဲ့စိတ်ကူး
အရူးဖြစ်မိပေါ့
Red Ruby လည်းမစွမ်းနိုင်
ငုတ်တုတ်မှိုင်လို့အိပ်ခဲ့ပြီ...
အမုန်းခါးခါး






0 comments:
Post a Comment