မင်းကျောပေါ်က
မာန်ဟုန်ပြင်းပြင်း
နဂါးတစ်ကောင်ရဲ့မျက်စောင်းမှာ
ငါ့ဘဝကသေရာပါဒဏ်ရာ
ပြုံးပြသွားခဲ့တာပါပဲ
စိတ်စွမ်းအင်မှန်သမျှကို
စုပ်ထုတ်ထားခဲ့မှတော့
သက်ရှိလို့ပြောစမှတ်ထင်လောက်မဲ့
ကမ္ဘ္ဘာမြေအတွက်အပိုသတ္တဝါတစ်ကောင်ဖြစ်ခဲ့ရ
ဘယ်အရာကိုမှအလိုမကျ
ဘာတွေပြောပြောအကောင်းမမြင်
ပျော်ရွင်ခြင်းဆိုတဲ့ဝေါဟာရကို
အဘိဓါန်မှာတွေ့မှမှတ်မိအောင်
ပဉ္စလက်ဆန်ဆန်ပြုစား
ကဝေတစ်ကောင်လားကြလို့။
ပြန်ပေးခဲ့ပါ
ငါ့ရဲ့နေ့တွေညတွေ
ပျော်ရွင်တတ်ခြင်းဝမ်းနည်းတတ်ခြင်းတွေ။
နှစ်ခြိုက်သာယာစွာအိပ်စက်တတ်တဲ့ညတွေ။
မင်းနဲ့အတူငါ့ကိုအပါခေါ်မသွားဘူးဆိုလည်း။
ပြန်ပေးခဲ့ပါငါ့ရဲ့လူပီသမှုတွေ။
အရိပ်
0 comments:
Post a Comment