Thursday, September 26, 2013

မညီမျှခြင်း


လှုပ်ရှားရုန်းကန်နေတဲ့
မျှော်လင့်ချက်တွေနဲ့အတူ
ရှောင်လွှဲမရတဲ့ရင်ခုန်ခြင်းတွေက
ငါတို့ရဲ့ ခံစားချက်တွေကို
တကယ်ပဲ မညီမညာဖြစ်စေခဲ့ပြီလား........... ?
ပြောမထွက်တဲ့.....
ငါ့ရဲ့တွေဝေမှုတွေကြောင့်
(________)ရယ်
ငါ့ရင်ဘတ်ကို (ကျေးဇူးပြုပြီး)
ဥပေက္ခာမပြုလက်ုပါနဲ့............
နောက်ထပ်
နာကျင်စရာတွေ ရှိနေသေးတယ်ဆိုရင်
လက်ဆောင်အဖြစ် င့ါကိုပေးလှည့်ပါ..............
ချစ်ခြင်းကို ဦးတည်ပြီး
စစ်ခင်းနေရတဲ့အခိုက်
ဘာမဟုတ်တဲ့....င့ါကို
ငြိမ်းအေးခြင်းသ၀ဏ်လွှာနဲ့ရောပြီး
ပစ်လိုက်တဲ့မြှားတံက
နှလုံးသားကို အဆုံးတိုင်
တိုးဝင် စူးစိုက်သွားတာလေ.......။


____မာန်_____

0 comments:

Post a Comment