ငါ့ အတွေး လမ်းပျောက်ချိန်မှာ
မင်းက ငါ့ရဲ့ လမ်းပြကြယ် . . .
ငါ ဝမ်းနည်းနေချိန်
အားပေးတတ်တဲ့ မင်းအပြုံးက
ငါ့ အတွက် ဆေးတစ်ခွက် . . .
ဘဝ ရဲ့ အချိုး အကွေ့ လမ်းတွေမှာ
လှဲပြိုတိုင်း ကမ်းလင့်လို့
ကြိုခဲ့တဲ့ မင်းလက် တစ်စုံ က
ငါ့ အတွက် တန်ဖိုး မဖြတ်နိုင်တဲ့
ခွန်အား တစ်စက် . . .
ငါ့ ဖြူစင်တဲ့
အချစ်တွေ အားလုံးက
မင်း အတွက် . . .
အလွမ်းသင့်ပန်းချီ(N.D)
0 comments:
Post a Comment