Online ပေါ်မှာ ဆိုပေမဲ့
မမြင်နိုင်တဲ့ သံယောဇဉ်လေး
ငါ့ ရင်မှာ အမြစ်တွယ်နေပြီ ဖြူစင်စွာပါပဲ . . .
Online ပေါ်မှာ ဆိုပေမဲ့
အပေါ်ယံ မဟုတ်ပါပဲ
ငါ့ ရင်မှာ တကယ် ခင်မိပါတယ်
တကယ် ချစ်မိပါတယ်
ဖြူစင်စွာပါပဲ . . .
Online ပေါ်မှာ ဆိုပေမဲ့
မင်းတို့ ပျော်ရင် ငါ ပျော်တယ်
မင်းတို့ ဝမ်းနည်းရင် ငါ ဝမ်းနည်းတယ်
မင်းတို့ နဲ့ ထပ်တူကြတဲ့
ခံစားမှုမျိုး ငါ့မှာရှိတယ်
ဖြူစင်စွာပါပဲ . . .
ငါ့ခံစားချက်ကိုပြောပြလို့
ကုန်နိုင်မယ်မထင်ဘူး . . .
သူငယ်ချင်းတို့ရေ
မင်းတို့ အားလုံးကို သိပ်ချစ်တယ်
သိပ်မြတ်နိုးတယ်
ဖြူစင်စွာပါပဲ . . . အဖြူရောင်
သံယောဇဉ်လေးနဲ့ပေါ့ကွယ် . . .
0 comments:
Post a Comment