Sunday, September 29, 2013

ကွဲလွဲခွင့်



လွပ်လပ်စွာပျော်ဝင်
ခွင့် တွေ ရှိတာဘဲ
စီးမျောပုံခြင်းမတူကြလဲ
အတ္တတွေဇောကပ်
လာကြမှတော့
တိုးထွက်ပုံခြင်းညီခဲ့တဲ့
မာန တွေက
တဖက်တချက်စီမှာ
အရံသင့်ပေါ့
တစ် ယောက် ကို
တစ် ယောက်လက်ညှိးထိုး
အမုန်းဆိုတာ
ထမ်းပိုးလာမှတော့
ရွေးချယ်ခဲ့တဲ့လမ်းတွေတွက်
ရလဒ်ကို သိနှင့်ပြိးသားဘဲ
အချင်းချင်း ယိုးစွပ်
မ နေပါနဲ့
ရိုးရှင်းနေပြီးသားဘဲ
ငါ ကလဲ ရေကြည် ရာ
မင်းကလဲ မြက်နုရာပေါ့

သဒ္ဒါထက်ပိုင်

0 comments:

Post a Comment