Thursday, October 3, 2013

ဝဋ်ကြွေးရှိခဲ့ရင်ကျေပါစေ

  • လှပတဲ့ရာင်စုံမီးလေးကြားမှာ
  • နင့်ပျော်မွေ့နေတဲ့အချိန်
  • ငါ့ရင်မှာ အမုန်းမီးတွေနဲ့
  • လောင်ကျွမ်း နပန်းသတ်နေတယ်..
  • ငါ့ရင်ထဲကို ခွင့်မတောင်းဘဲ ဝင်လာ
  • အနမ်းတွေနဲ့ ပြုစားပြီး
  • အလွမ်းတွေနဲ့ ချန်ထားခဲ့တယ်
  • ခြေစုံနဲ့ကန်ပြီးပြန်ထွက်သွားပြန်တယ်...
  • နံရံပေါ်မှာကပ်ထားတဲ့နာရီက
  • တရွှေ့ရွှေ့ လှည့်ပတ်သွားပေမယ့်
  • ငါ့ရင်ဘတ်ထဲက ဒဏ်ရာတွေ
  • နာကျင်နေဆဲ....
  • ငါ့ရဲ့ပါးပြင်ထက်က စီးကျလာတဲ့မျက်ရည်တွေ
  • ပြန် စမ်းမိတော့
  • အော်...ဒါဟာ ပူနွေးနေတဲ့ အလွမ်းတွေပဲ...
  • ခြေသုတ်တစ်ခုလို သဘောထား
  • ငါ့ရဲ့ နှလုံးသားထက်ကို
  • နင် တက်နင်းသွားတယ်...
  • နင့်ရဲ့ အလိမ်အညာတွေအောက်မှာ
  • တိတ်တဆိတ်နဲ့
  • အရူးတစ်ယောက်လို
  • နင့်ဘေးနားမှာ ငါနေပေးခဲ့တယ် နင့်စေရာတိုင်းငါသွားခဲ့တယ်...
  • အသက်မရူနိုင်တဲ့
  • ငါ့ရဲ့ ညတွေ များနေပြီ
  • ငါ့ ရင်ထဲမှာ ချောက်ကမ်းပါးကြီး
  • ပြိုကာကျနေပြီ...
  • တော်ပါတော့ဟာ..
  • ငါ တောင်းပန်ပါတယ်..
  • ဒီလောက်တောင် နင်နှိပ်စက်နေပြီပဲ.
  • ကျေနပ်လိုက်ပါတော့...
  • မာယာများပြီးမှော်ပညာကျွမ်းလှတဲ့
  • နင့် ကိုမှ အရူးအမူး စွဲလမ်းခဲ့မိတာ
  • ငါ့ ရဲ့ အမှားတွေပါ...
  • တစ်လောကလုံး ကြားအောင်
  • ငါ အော်ပြောလိုက်ချင်တယ်..
  • ဝဋ်ကြွေးရှိခဲ့ရင်ကျေပါစေ
  • ဝဋ်ကြွေးရှိခဲ့ရင် ကျေပါစေ
  • ဝဋ်ကြွေးရှိခဲ့ရင် ကျေပါစေ...

0 comments:

Post a Comment