ချစ်ရသူရေ . . . မပြည့်စုံတဲ့ဘဝမို့
မင်းထားခဲ့လည်း နေခဲ့ပါ့မယ် . . . . .
မိဘတွေရဲ့ ဆန္ဒကြောင့်ရယ်လို့
အကြောင်းမပြပါနဲ့လား . . . . .
အပြုံးမပျက်ပါဘူး
ငါ့မျက်ရည်တွေက
မင်းအတွက် အနှောင့် အယှက်
ဖြစ်မှာစိုးလို့ပါ . . . . .
နွေ မိုး ဆောင်း ပြောင်းခဲ့ပေမဲ့
ငါ့ရင်ထဲကဒဏ်ရာတွေက
မကျက်သေးဘူးနာကျင်နေတုန်းပါ
မင်းချန်ရစ်ခဲ့တဲ့ အချစ်လွမ်း ဝေဒနာ
အားလုံးကို အချစ်ရဲ့ဆုလဒ်တစ်ခုလို
မြတ်နိုးစွာသိမ်းဆည်းထားမိ
နေတုန်းပါပဲ . . . မင်းပြန်လာခဲ့ဖို့
မမျှော်လင့်တော့ပါဘူး . . . . .
ငါတိတ်တခိုး ချစ်ခွင့်ရရင်ပဲ
ကျေနပ်ပါပြီ . . . . .
မကုန်ဆုံးနိုင်တဲ့ မနက်ဖြန်တိုင်း
မင်းလေး ဘဝ
သာယာဖြောင့်ဖြူးပါစေလို့
ဆုတောင်းပေးနေမယ်
ငါ က ပေးဆပ်လို့ ချစ်ခဲ့ရသူ
တစ်ယောက်ဆိုတာ
မင်းလေး သိနိုင်မယ်လို့တော့
ထင်မထားပါဘူး . . . ချစ်သူရယ်







0 comments:
Post a Comment