Saturday, November 9, 2013

ဆိတ်သုဉ်း

လမ်းခွဲခြင်းကိုရောက်တဲ့အခါ
အရာအားလုံးက
တိတ်ဆိတ်ဆွံအ သွားကျသလို
နှလုံးသားတွေလဲ
သူအလိုလို မွန်းကျပ်ခြင်းသို့ 
ရောက်ကုန်ပြီး.............။

အချစ်တဲ့
ဒီနှစ်လုံးသော..စကားတွေက
ဘဝတစ်ခုကို ကြံခိုင်စွာ
အစပျိုစေသလို
သန်မာထွားကြိုင်စွာ
ရှင်သန်နေသော ဘဝတစ်ခုကိုလဲ
ကောင်းမွန်စွာ နိဂုံချုပ်စေနိုင်တယ်.......။

နားလည်မူတွေဘယ်လောက်ပဲ
ထွန်းကားနေပါစေ
အလိုမပြည့်တွေ
ဘောင်ဘင်ခတ်လာတော့
သံယောဇဉ်ဆိုတာ
မီးလောင်ရာလေပင့်သော
လောင်စာအသွင်ပြောင်းကုန်လေပြီး.......။

စွန့် လွှတ်ခြင်းနဲ့  ကျောခိုင်းခြင်းမှာ
ရပ်တည်လို့ 
အချစ်ဆိုတဲ့ စကား
ဝါကျဖွဲ့ မိလေရဲ့ ...
ယောင်ဝါးစွာဆုပ်ကိုင်မိတော့
အမှုန့် မွှားသာသာရယ်.........
ကိုအငဲဆိုသလိုအော်ချင်မိရဲ့
အချစ်ဟာ ခါး...ခါး..လွန်တယ်ဟေ........။

ရပ်တည်မူတိုင်ဟာ
တွယ်တာမူဆိုတဲ့ ရမ္မက်တွေ
ဆက်နွယ်လို့ အလိုမပြည်တဲ့အခါတိုင်း
နာကျင်မူက
သင်တုန်းဓါးသွားထက်မြလေတော့
ဘယ်သူဘယ်ဝါကြောင့်ဆိုတဲ့
ခေါင်းစဉ်အောက်မှာ
တခမ်းတနားနဲ့
လမ်းခွဲခြင်းဈာပနာတီးလုံးကို
ရင့်ကြူးကျတယ်..........။

တကယ်ဆို
နင်ရယ်ငါရယ်
နှစ်ဦးပိုင်ဝါကျမှာ
အချစ်ကို အဓိပ္ပါယ်ဖွင့်တော့
အနည်းနဲ့ အများ
လွှဲမှားမူရှိတာ...မထူးဆန်းပါဘူး.....။

လမ်းခွဲခြင်း ဆုံမှတ်မှာ
အငွေ့ ပျံနေတဲ့
သံယောဇဉ်ကို ရှာဖွေရတာ
မျက်ရည်ကို မိုးအဖြစ်အသွင်ပြောင်းမှာ
သိနိုင်မယ်ထင်တယ်...........။

တစ်ဖက်ဆန်တဲ့ ယုံကြည်မူကို
လက်ဆွဲ....ဆန့် ကျင်ဘက်အရပ်မှာ
စိုးရိမ်မူတွေ လက်ပြပြီး
အသံတိတ်ငိုကြွေးခြင်းနဲ့
အပြီးသတ်အနာဂတ်က
မှောင်မိုက်ခြင်းထဲ
ခုန်ဆင်းလို့ 
နှုတ်ဆက်ခြင်းကို
အဓိပ္ပါယ်ဖော်ရအောင်..........
နားလည်မူတွေ ...ပြာကျခဲ့ပြီးပဲ
ဘာလို့ 
စကားလုံးတွေ နားစွင့်ပုံဖော်နေအုန်းမှာလဲ.....
ခုတော့
အရာအားလုံးဟာ
ဆိတ်...................
.........................သုန်း...............
....သွား........ပါပြီး...................................။
••●♥Lawn Lay♥●••

0 comments:

Post a Comment