ဒီခရီးကို ထွက်လာခဲ့
ကောင်းကင်တစ်ခုလုံးက မဲမှောင်လို့
ရိတ်သိမ်းရန်မလိုပဲ ကြယ်တွေတလုံးပြီးတစ်လုံကြွေ
နှစ်ကာလများ ကြာရှည်။
ဒီလမ်းက အလင်းကို သတ်ပစ်ထားတယ်
ဒီလမ်းက မာယာ ခင်းကျင်းထား
ဒီလမ်းက ဆူးတွေ၊ချိုင့်တွေ နဲ့ မိခင်မေတ္တာ သေဆုံးနေ
ဒီလမ်းကလွဲ ရွေးခြယ်ရန်အခြား မမြင်တော့
ဒီလမ်းကို ပဲစိတ်ရှည်ခြင်းတွေနဲ့ နာနာကျင်ကျင် ဆက်လျှောက်နေရ။
သံလွင်အခက်မြင်ဖို့ဆို
ငါတို့က လည်း ဝိရိယနဲ့ မြေဆွရေလောင်းပြုစုပေးရမယ်
ပျံသန်းနေတဲ့ ဂျိုးဖြူလဲ အတောင်ညောင်းနေရော့ပေါ။့
ဒီလမ်းကို
ဆက်သွားနေတာ
ပြန်လှည့်ဖို့မှ မဟုတ်ဘူး။
်
ဒို့ အဘိုးလဲ လျှောက်ခဲ့
ဒို့ အဖေလဲလျှောက်ခဲ့
အခု ငါတို့လဲ ဆက်လျှောက်နေတယ် ဒီလမ်း
မျိုးတွေ ဘယ်ဆက်ချကျွေးရကျွေးရ
ဘဝတွေ အေးချမ်းစေဖို့ ဆက်လျှောက်နေရမယ် ။
ငါတို့ မျိုးဆက်တွေမှာ ဂျိုးဖြူနားနေတဲ့ သံလွင်ပင်
မြင်တွေ့ရရင် ကျေနပ်
ငါတို့တွေ ဆက်လျှောက်ကြမယ် ဒီလမ်း။
မိုင်တွေဘယ်လောက်ဝေးဝေး
ပုဂံ ဘယ်မှ မပြေး သည်းခံခြင်းနဲ့ ဆက်လျှောက်
မဝေးတော့တဲ့ ခရီး ရောင်နီကို မြင်ရတော့မယ် ။
လမ်းဆုံးရင် ရွာတွေ့သလို ယုံကြည်ချက်နဲ့ ဆက်လျှောက်
ဘဝက လမ်းမှာကျပျောက်လဲ
ကျန်သူတွေဆက်လျှောက်လိမ့်မယ်။
ဒို့တွေ စိုက်ပျိုးတဲ့ သံလွင် တစ်ချိန်မှာ ရွက်တွေဝေလို့
ဂျိုးငှက်တွေ တွန်းကျူးကြ
မြင်ရသူရင်အေးတဲ့ ဘဝ
တစိမ်းတရံတွေ အားကျလိမ့်မယ်။
သိင်္ဂါလှိုင်(ကဗျာမြေသား)







ကဗျာ မဂ္ဂဇင်း ၊အမှတ်(၄)မှာလား ဖတ်ဖူတယ်ဆရာ့
ReplyDelete