Wednesday, September 4, 2013

သူငယ်ချင်း(၁)



ကြိုး.......
ကြိုးက ဖြည်ဖို့ခက်တယ်......။

ကြိုးတစ်ချောင်းနဲ.
ငါနင့်ကို တွယ်ငြိနေတယ်......။

ကြိုးကသွယ်လျှတယ် ထင်ရပေမယ့်
ငါ့ကို အကြာကြီးတုပ်နှောင်ထားတယ်......

နင်မမြင်မိပါဘူး
ငါမြင်နေရတယ်......။

နင်ကတော့ပြုံးပြုံးလေးနဲ.
ငါ ရုန်းထွက်ဖို. ခက်နေတယ်......။

ငါ...အချိန်တိုင်း၊နေရာတိုင်း ရုန်းထွက်ဖို.ကြိုးစားတယ်
ငါ့ ကိုငါ... အထပ်ထပ်ရစ်ပတ်ခံလိုက်ရတယ်.......။

ငါ ဘယ်တော့မှ
ရုန်းထွက်ဖို.မကြိုးစားတော့ဘူး.......။ ။
 
 
အမုန်းခါးခါး

0 comments:

Post a Comment