Wednesday, September 4, 2013

အသည်းကွဲကဗျာဆရာ



နည်းနည်းယူ
နည်းနည်းပဲ ရမှာပေါ့
(ဘ၀၏အနာတရများ)။

အပျင်းပြေ/ဖြေ အပျော်စိတ်နဲ့
ရယ်ရွှင်ပတ်ပျိုးမဖြစ်ခဲ့တာကြာပေါ့။

ယုံကြည်တယ်ဆိုရင်လည်း
ပုံအပ်မနေနဲ.တော့
မရှိမဲ့ရှိမဲ့ မျှော်လင့်ခြင်းလေး
မနေ.တနေ.ကပဲ ရိုက်ရိုက်ချိုး။

အမုန်းတွေ ရောယှက်ထားတဲ့
သူ.မျက်ဝန်းတွေ
(ငါ့)နှလုံးသားထဲ ထည့်ဖွက်
မိုးမတိတ်တော့ဘူး ...ခု။

မိုးမလင်းခင်ထဲက
ကိုးပုလင်းအလွမ်းတွေ စာစီထားတယ်
ယူသွား
သွား.....ယူ
(ငါ)နွားမဖြစ်ချင်ဘူး။

အသည်းကွဲတယ်
အရက်သောက်တယ်
ကဗျာဆရာဖြစ်တယ်
တန်ရဲ့လား...။
 
Amone KarKar

0 comments:

Post a Comment