Tuesday, September 3, 2013

ရင်ခုန်သံကြိုးညှိခြင်း

ငါတို့တွေဟာ
အမှတ်တမဲ့ပါပဲ
ဘယ်သူကဘယ်သူ.ဆီကိုမှ ဦးတည်ပျံသန်းနေခဲ့ကြတာမဟုတ်ဘူး
ဘယ်သူကဘယ်သူ.အတွက်ပါဆိုပြီး အကြည့်နက်တွေထဲ ခုန်ဆင်းခဲ့ကြတာမဟုတ်ဘူး
ဒီကမ္ဘာပေါ်မှာလူသားသန်းပေါင်းများစွာနဲ. အတူလူသားဖြစ်ခွင့်ကြုံခဲ့ကြရ
ဒီကမ္ဘာပေါ်မှာတစ်ဦးကိုတစ်ဦးအလှပဆုံးအပြုံးတွေဖူးပွင့်ကြရ
ဒီကမ္ဘာပေါ်မှာတစ်ယောက်ရင်ခုန်သံကိုတစ်ယောက်ကဗျည်းရေးထိုးခဲ့ကြရ
အဲဒီအချိန်ကစပြီး
ငါတို့နှစ်ယောက်ရဲ့နှစ်လုံးသားယန္တရားဟာ မြင်းကောင်ရေသန်းပေါင်းများစွာနဲ.လည်ပတ်
တခါတခါ ငါ့အတွေးပေါင်းများစွာကိုဝင်ရောက်
တခါတခါ ငါ့အိပ်မက်တွေထဲမှာ နိုးထ
ငါတို့နှစ်ယောက်ရဲ့ ရင်ခုန်သံကို
ငါတို့နှစ်ယောက်ပဲ နားဆင်နိုင်ခဲ့ကြရ
ငါလည်း တဖြည်းဖြည်းနဲ.ယိုင်နဲ.ချင်ပြီ
ငါ့ရင်ခုန်သံဟာ မင့်ရင်ခုန်သံပါပဲ
မင့်ရင်ခုန်သံဟာ ငါ့ရင်ခုန်သံပါပဲ
ရင်ခုန်သံနှစ်ခုပေါင်းဆုံမှုမှာ
မင့်ကိုယ်နဲ့ငါ့စိတ်၊ မင့် စိတ်နဲ.ငါ့ကိုယ်
ငါတို့ တစ်ယောက်ရင်ခုန်သံကိုတစ်ယောက်
ဦးညွတ်ဖြစ်ကြပုံ။    ။

အမုန်းခါးခါး

0 comments:

Post a Comment