Thursday, September 5, 2013
အဲနေ့ကနှင်းတွေသာအခိုင်လိုက်မကြွေခဲ့ရင်
လောင်းကြေးထပ်ထားတဲ့
ကစားပွဲတစ်ခုမဟုတ်ခဲ့ဘူး
နယ်ရုပ်တစ်ခုကိုထိုးကျွေးပြီး
ဘုရင်မကိုကာကွယ်ချင်တဲ့ဆန္ဒတွေများနေတဲ့
တကွက်လှမ်းတစ်ကွက်ရွေ့မှာ
နှလုံးသားတစ်ခုလုံးသွက်သွက်ခါသွားရပါတယ်မာယာ
နှင်းပွင့်တွေကြားမှာနင်းလျောက်လာတဲ့
ခြေလှမ်းမှာငရဲမီးတွေသယ်လာမယ်လို့
ဘယ်တွေးမိပါ့မလည်း။
အဲဒီနေ့ကသာနှင်းတွေမကြွေခဲ့ဘူးဆိုရင်
အဲဒီနေ့ကသာစံပါယ်တွေမဝေခဲ့ဘူးဆိုရင်
အဲဒီနေ့ကသာစကားသံတိုးတိုးလေးမကြားခဲ့ရဘူးဆိုရင်
ဒီနေ့မှာ သွေးစိမ်းရှင်ရှင်တွေစီးကျနေတဲ့
ငါ့အသည်းကွဲချင်မှကွဲမှာပေါ့မာယာ
သံသရာမှာငါဘယ်လိုဆုပန်ခဲ့လည်း
သိချင်းစမ်းပါရဲ့
ဒီဘဝဒီကိုယ်နဲ့
မင်းရဲ့မျက်နှာထိုင်ငေး
မင်းမျက်ဝန်းကိုရင်ခုန်
မင်းစကားသံကိုမှနားဝင်ချိုနေမိတာ
ဝဋ်ကြွေးတစ်ခုတော့မဖြစ်နိုင်ဘူးထင်ပါရဲ့
ဒီဘဝဒီခန္တာမှာမဆုံရဘူးဆိုရင်တောင်
နောက်ဘဝအခါခါမှာဆုံတွေ့ဖို့ဆုတောင်း
ကိုယ့်ကိုကိုယ်တရားချ
ငါ
နိဗ္ဗန်မရချင်သေးဘူး။
အရိပ်
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment