Friday, September 6, 2013

ခိုင် ( ၂ )



မူပိုင်ရှင် ဆိုတာ ခိုင် ရယ်
မင်းနှလုံးသားပိုင်ရှင်ကငါ
ငါနှလုံးသားပိုင်ရှင်ကမင်း
တတိယနာမ်စားဆိုတာ
လေသလပ်ခံဖို့တောင်
ငါတို့ကမ္ဘ္ဘာမှာမရှိကြေးလို့
ငါတွေးမိတာပေါ့။

ဒါပေမဲ့ကွယ်
မင်းသဘောက
အရင်လူကိုပဲချစ်
ငါကျတော့သူငယ်ချင်းမှ
သူငယ်ချင်းစစ်စစ်


ရီစရာကြီးပါ ခိုင်ရယ်
ပန်းသီးစားချင်သူကို
ဒူးရင်းသီးပေးဒါလည်းချိုတာပဲဟလို့
နင် ငါ့ကို ငယ်ငယ်ကလိုညာအုန်းမလို့လားဟင်။

လွယ်အိတ်စလွယ်သိုင်း
မိုက်တိမိုက်ကန်းပုံနဲ့
အတန်းထဲကလူတွေကိုစိန်ခေါ်
ခိုင် ရယ်
အဲ့ဒီလို ဂျစ်ကန်ကန် နင်ရန်စထားသမျှ ငါလိုက်ရန်ဖြစ်ပြနေတာ
နင့်ကိုချစ်ခဲ့ရလို့ပါ။

ငါ သူငယ်ချင်းမဖြစ်ချင်ဘူး
ခိုင်
မိုးချုပ်ညရီမှာ မင်းမျက်ဝန်းကိုငေးရင်းအိပ်။
နံနက်စောစော
မိုးလင်းပြီလေထလို့ချွဲချွဲလေးနိုးမယ့်။
မင်းအသံတိုးတိုးကလေးနဲ့ထ။
ဘဝဟာဘယ်လောက်ပျော်ရွင်ရမလည်းလို့။
တကယ်တော့လေ
တစ်ရံရာသီတစ်ခါဆီက
ခိုင် နဲ့ ကျွန်တော်
အနာဂါတ်တွက်လက်တွဲဖေါ်ဟု။
သာယာစိတ်ကူးကြည်နူးဖူးခဲ့။
သို့ပေမဲ့ကွယ်
မတွယ်မခင်ဖြတ်တောက်ချင်သည့်။
မနောစိတ်ထား ခိုင့် စိတ်များကို သိလည်းမမုန်း
တွယ်တာအုန်းမည်။
ကျွန်တော်ဆက်၍ချစ်ချင်သည်။

အရိပ်

0 comments:

Post a Comment