ဖြန်းခနဲဂီတသံမှာ
အသိစိတ်တစ်ခုလုံး
လျှောခနဲကျွတ်ကျသွားတယ်.........
နင်းချလိုက်တိုင်းစကားလုံးတွေမှာ
ဖန်ကွဲစတွေစိုက်ဝင်နေသလိုပဲ
ခေတ်ကိုချောဆီထည့်၊
ခင်ဗျားစိတ်ကိုပါချူကြည့်
စေတသိတ်ရဲ့အသားနုစလေးတွေမှာ
ဆူပွက်နေတဲ့ကဗျာဗေဒအဆိပ်အတောက်တွေ၊
စတင်ခဲ့ပြီ
ကျွန်တော်ဟာ မမကိုချစ်ကြည့်ဖို့ 
လူဆုပန်ခဲ့သူပေါ့၊
ကျွန်တော့်အော်သံကြားရလား
ရဲရဲသာထောက်ချလိုက်တော့
အစက်တစ်စက်၊အဲဒီအစက်ရဲ့အလည်တည့်တည့်
ဗဟိုချက်မှာဒီကဗျာပျောက်သွား ၊
အခုလူပါနည်းနည်းချင်းပျောက်လာပြီ ဟုတ်ကဲ့
ကျပ်တို့ ဗန်ဂိုးကိုမသိလည်း
စိတ်ချလက်ချသေလို့ ရပါသေးတယ်
ဆိုပါတော့ ဒီကဗျာထဲကို
ခပ်ရိုင်းရိုင်းမန့် တွေပစ်သွင်းပေးပါ
အောက်ခြေလွတ်နေတဲ့စိတ်ကို
ဟိုက်ဒြိုဂျင်ထိုးပါ ကြိုက်လား
ဒီရိုးပြတ်တွေကျော်ရင်
သွေးသံတရဲရဲကတုတ်ကျင်းထဲ
လူ့ အခွင့်အရေးကိုတွေလိမ့်မယ် စိတ်ချသွား
ဟုတ်ကဲ့ မနက်စာဟာ တိုက်ပုံဝတ်ယဉ်ကျေးမှုနဲ့ 
brand ခပ်မြင့်မြင့်လော်လီဖောက်ပြားမှု
လူမှုကွန်ယက်ထဲမှာ
သူမ၀ိဥာဉ်ဟာ လိင်အနာတရအလာ့ဂျစ်တွေ
ကုတ်ဆွနေတယ်
စည်းမျဉ်းတွေဆို
ကိုယ်ကသိပ်မေ့တက်လွန်းလို့ ထားလိုက်ပါလေ
မထားလည်းနေနေရတာပဲ
ကျွန်တော့်စကားလုံးတည်ဆောက်မှုမှာ
အုတ်တစ်ချက်စာ လွတ်သွားနိုင်တယ်
မမ ရဲ့လက်သည်းခွံလေးပေါ်မှာ
နေသားကျဖို့ အချိန်ဘယ်လောက်ပေးရမလဲ
မကြာမကြာပေါ့
ကျွန်တော်တို့ တလွဲဆံပင်ကောင်းရိုးသားခဲ့ကြတယ်မဟုတ်လား
ပိတ်မိနေတဲ့ အခန်းကျဉ်းလေးထဲမှာ
ကျွန်တော်တို့ အသက်ရူသံတွေပဲ
စိတ်ကြိုက်မွန်းကြပ်ခွင့်ပေးလိုက်တာပေါ့ မကြည်ပြာ။
ဓီရ်ခေတ်အိမ်
0 comments:
Post a Comment