Thursday, September 26, 2013

လမ်းခွဲ


မိုးသည်းထဲ မှာ ငိုကြွေးခဲ့

မျက်ရည်စတွေ ကွယ်ထား

ဒါမျက်ရည်စက်လား

မိုးရေစက်လား

ဝေခွဲမရလောက်အောင်

ချုံချနေတဲ့ ကောင်းကင်နဲ့အပြိုင်

မိုးသည်းထဲမှာ ငိုကြွေးခဲ့

လွမ်းခြင်းတွေ လေထန်တုန်း

ဒဏ်ရာလွမ်းခြင်းတွေ သီးကျူးလို့

တုန်ခါနေတဲ့ နှုတ်ခမ်းလေး တဆတ်ဆတ်

ကြေကွဲခြင်း အပြုံးတုကို ပြုံးပြ

ကြောခိုင်းမိမှ ထွက်ကျလာတဲ့ မျက်ရည်တွေ

မိုးနဲ့ အတူ ။ ။

0 comments:

Post a Comment