Thursday, September 26, 2013

စာမျက်နှာတစ်ခု ဖွင့်လှစ်ကြည့်ခြင်း




ချစ်တယ်ဆို မာယာမလိုပါဘူး
ဒါပေမယ့် သူ မာယာနဲ့သိမ်းပိုက်ခဲ့တာ (သိသားပဲ)

ရိုးရိုးလေးသာဖွင့်ချလိုက်တော့
ရှေ့မှာ ပျော်ရွင်မှုအတိနဲ့
အနာဂတ်တွေစောင့်နေတယ်

သူ့မျက်နှာ မြင်ဖို့အတွက်နဲ့တင်
မနက်ခင်းကို ငါနိုးထတာ
ကိုယ်စောင့်နတ်တွေတောင် မျက်စောင်းထိုးလို့

ဂရုကို မစိုက်ဘူး.....ချစ်သူ
နင်ရှိနေရင် ဒုက္ခဆိုတာ ခပ်ပါးပါးပဲ
တစ်ခုပဲ..ငါ့လက်ကိုတော့ ဆုပ်ကိုင်ထားပေးပေါ့

အမှောင် အလင်း မသဲကွဲတဲ့
ပစ္စုပ္ပန် နေ့ရက်တွေထဲကို
ငါ့ကို နားလည်ပေးတဲ့ နင့်ရဲ့ စိတ်တစ်ခုနဲ့တင်
အရာရာ ငါရှေ့ဆက်မယ်

ပြောလိုက်ပါ ချစ်သူ
ငါ့ခွန်အားတွေ ရှိလာအောင်လို့
နင့်ကိုအရမ်းချစ်တယ်တယ်လို့ ပြောပေးပါ

ဘယ်တော့မှ မရိုးပဲ နားထောင်မှာပေါ့
စိတ်ထဲမှာယုံနေပါတယ်
မတွေ့ခင်အချိန်တွေ သူလည်းလွမ်းနေမယ်ဆိုတာ

မရေရာမှုတွေထားခဲ့
မသေချာမှုတွေလည်းထားခဲ့
ရှေ့လျှောက် ငါတို့ နှစ်ယောက်
ရွှေလက်တွဲပြီး လမ်းတွေဆက်လျှောက်ကြမယ်
ခုတော့ လွမ်းတဲ့စိတ်နဲ့ပဲ အားတင်းထားအုံးနော်...

ကဗျာရွာ

(အရင်တစ်ခေါက် က လမင်း=ချစ်သူ ဆိုတာ ကဗျာထဲက စကားလုံးကို ရှင်းထားတာပါ ကလောင်မဟုတ်ပါဘူး လေးစားလျှက်)
ကျေးဇူးတင်ပါတယ်

ချစ်တယ်ဆို မာယာမလိုပါဘူး
ဒါပေမယ့် သူ မာယာနဲ့သိမ်းပိုက်ခဲ့တာ (သိသားပဲ)

ရိုးရိုးလေးသာဖွင့်ချလိုက်တော့
ရှေ့မှာ ပျော်ရွင်မှုအတိနဲ့
အနာဂတ်တွေစောင့်နေတယ်

သူ့မျက်နှာ မြင်ဖို့အတွက်နဲ့တင်
မနက်ခင်းကို ငါနိုးထတာ
ကိုယ်စောင့်နတ်တွေတောင် မျက်စောင်းထိုးလို့

ဂရုကို မစိုက်ဘူး.....ချစ်သူ
နင်ရှိနေရင် ဒုက္ခဆိုတာ ခပ်ပါးပါးပဲ
တစ်ခုပဲ..ငါ့လက်ကိုတော့ ဆုပ်ကိုင်ထားပေးပေါ့

အမှောင် အလင်း မသဲကွဲတဲ့
ပစ္စုပ္ပန် နေ့ရက်တွေထဲကို
ငါ့ကို နားလည်ပေးတဲ့ နင့်ရဲ့ စိတ်တစ်ခုနဲ့တင်
အရာရာ ငါရှေ့ဆက်မယ်

ပြောလိုက်ပါ ချစ်သူ
ငါ့ခွန်အားတွေ ရှိလာအောင်လို့
နင့်ကိုအရမ်းချစ်တယ်တယ်လို့ ပြောပေးပါ

ဘယ်တော့မှ မရိုးပဲ နားထောင်မှာပေါ့
စိတ်ထဲမှာယုံနေပါတယ်
မတွေ့ခင်အချိန်တွေ သူလည်းလွမ်းနေမယ်ဆိုတာ

မရေရာမှုတွေထားခဲ့
မသေချာမှုတွေလည်းထားခဲ့
ရှေ့လျှောက် ငါတို့ နှစ်ယောက်
ရွှေလက်တွဲပြီး လမ်းတွေဆက်လျှောက်ကြမယ်
ခုတော့ လွမ်းတဲ့စိတ်နဲ့ပဲ အားတင်းထားအုံးနော်...

ကဗျာရွာ

0 comments:

Post a Comment