ဖေ့စ်ဘွက်(ခ်)လေလား
ဖွဘုတ်လားလေ
ထွင်ထားတဲ့လူ
ဘယ်လိုမူနဲ့
သူထွင်ထားထား.............. .
တို့များယူဇာ
ဖေ့စ်ဘွတ်မှာလေ
ဖွတာတဖုံ
ကျူပုံတစ်မျိုး...........
ထိုးကြနှက်ကြ
တိုက်ကြခိုက်ကြ
ဆူကြဆဲကြ
ဆော်ကြအော်ကြ
ချစ်ကြကြိုက်ကြ
တွဲကြမြဲကြ
ခွဲကြပြဲကြ
ဖော်ကြချွတ်ကြ
ကြားရသမျှ
စားရသမျှ
သွားရသမျှ
တွေ့ရသမျှ
မြင်ရသမျှ
တွေးရသမျှ
ရေးကြရင်းက
အမြင်မတူ
ငါ့ရန်သူပေါ့
အမြင်တူတော့
ကြည်ဖြူလွန်းခိုက်
လိုက်ပေးလို့ရယ်
တက်(ဂ်ျ့)တော့မယ်ကွယ်
ရှယ်လိုက်အုံးမယ်
ဘယ်သူ့ကိုမှ
မကြောက်ရလို့
သမ္မတမှ
ခွေးကလေးထိ
သိသလိုပဲ
မန့်ရဲကြတယ်
ပြောရဲကြတယ်
ဆဲရဲကြတယ်
ဖြဲရဲကြတယ်
ရေးရဲကြတယ်
တွေးရဲကြတယ်
မေးရဲကြတယ်
မိုက်ရဲကြတယ်
နောက်ရဲကြတယ်
ပြောင်ရဲကြတယ်
လှောင်ရဲကြတယ်
အမယ်စုံတဲ့
တို့ရဲ့စရိုက်
ဘယ်လောက်မိုက်လဲ
ကြိုက်ချင်ရင်ကြိုက်
မကြိုက်လည်းနေ
တို့တွေကတော့
ပေါ့ပေါ့ပါးပါး
ကစားမလား
နားမလားလေ
သွားကြည့်လိုက်ကွာ
ဖေ့စ်ဘွက်(ခ်)ပေါ်မှာ
ယူဇာ.....ယူဇာ......
ကာလာစုံတဲ့ဖေ့စ်ဘွက်(ခ်)မှာ ပေါ့...................... ......
ခက်ဆစ်အဖွင့်
ဖေ့စ်ဘွက်(ခ်) (၀ါ) ဖွဘုတ် = facebook
ယူဇာ = user
ရှယ် = share
မန့် = comment
တက်(ဂ်ျ့) = tag
ကိုညီညီလေး(ထီလာမိုးမြေ)
ဖွဘုတ်လားလေ
ထွင်ထားတဲ့လူ
ဘယ်လိုမူနဲ့
သူထွင်ထားထား..............
တို့များယူဇာ
ဖေ့စ်ဘွတ်မှာလေ
ဖွတာတဖုံ
ကျူပုံတစ်မျိုး...........
ထိုးကြနှက်ကြ
တိုက်ကြခိုက်ကြ
ဆူကြဆဲကြ
ဆော်ကြအော်ကြ
ချစ်ကြကြိုက်ကြ
တွဲကြမြဲကြ
ခွဲကြပြဲကြ
ဖော်ကြချွတ်ကြ
ကြားရသမျှ
စားရသမျှ
သွားရသမျှ
တွေ့ရသမျှ
မြင်ရသမျှ
တွေးရသမျှ
ရေးကြရင်းက
အမြင်မတူ
ငါ့ရန်သူပေါ့
အမြင်တူတော့
ကြည်ဖြူလွန်းခိုက်
လိုက်ပေးလို့ရယ်
တက်(ဂ်ျ့)တော့မယ်ကွယ်
ရှယ်လိုက်အုံးမယ်
ဘယ်သူ့ကိုမှ
မကြောက်ရလို့
သမ္မတမှ
ခွေးကလေးထိ
သိသလိုပဲ
မန့်ရဲကြတယ်
ပြောရဲကြတယ်
ဆဲရဲကြတယ်
ဖြဲရဲကြတယ်
ရေးရဲကြတယ်
တွေးရဲကြတယ်
မေးရဲကြတယ်
မိုက်ရဲကြတယ်
နောက်ရဲကြတယ်
ပြောင်ရဲကြတယ်
လှောင်ရဲကြတယ်
အမယ်စုံတဲ့
တို့ရဲ့စရိုက်
ဘယ်လောက်မိုက်လဲ
ကြိုက်ချင်ရင်ကြိုက်
မကြိုက်လည်းနေ
တို့တွေကတော့
ပေါ့ပေါ့ပါးပါး
ကစားမလား
နားမလားလေ
သွားကြည့်လိုက်ကွာ
ဖေ့စ်ဘွက်(ခ်)ပေါ်မှာ
ယူဇာ.....ယူဇာ......
ကာလာစုံတဲ့ဖေ့စ်ဘွက်(ခ်)မှာ
ခက်ဆစ်အဖွင့်
ဖေ့စ်ဘွက်(ခ်) (၀ါ) ဖွဘုတ် = facebook
ယူဇာ = user
ရှယ် = share
မန့် = comment
တက်(ဂ်ျ့) = tag
ကိုညီညီလေး(ထီလာမိုးမြေ)






0 comments:
Post a Comment