Sunday, September 15, 2013

တဏှာ


# မင်းရင်ထဲမှာတည်တဲ့ငွေ့ရည်
မိုးရည်တွေသာဆို
ငါ့ပါတ်ဝန်းကျင်စိမ်းလန်း
 ပျော်ရွင်ခြင်းပန်းတွေပွင့်မယ်ထင်ခဲ့
 ရွာတော့ရွာချပေးခဲ့ပါတယ်
အက်ဆစ်မိုး
 မြေဆီလွှာတောင်ပျက်စီးဆုံးရှုံး
 စိတ်နာတယ်
စိတ်ကိုစိတ်နဲ့ရိုက်တဲ့အခါ
လူကိုဓါးနဲ့ဆွတာထက်အဖြစ်ဆိုး
 လူးလူးလိမ့်လိမ့်အက်ကွဲနာကျင်
ပူလောင်ပြင်းပျစာဖွဲ့မမှီ
ရင်ရာသီမှာလည်း
အပြိုပြိုအလဲလဲ နာတယ်
ကိုယ်ထားသလိုမထားလေခြင်း
ကိုယ့်လိုမဖြစ်လေခြင်း ဒေါမနသစိတ်နဲ့ပူလောင်
 ဒီစိတ်နဲ့သေရင်တစ်လမ်းတည်းသွားရမှာက
 ငရဲပြည်။

# ရှင်းမပြနဲ့
ရှင်းပြတယ်ဆိုတဲ့အဖြစ်အပျက်က
ငါ့ကိုဓါးနဲ့မွှန်းပြီးဆားသိပ်နေသလိုပဲ
ဘာကိုမှမပိုင်ဆိုင်ရင်တောင်
စိတ်ကိုတော့အပိုင်လိုချင်တယ်။
 ခံစားမှုမပါတဲ့ဗလာမျက်နှာကြီးနဲ့
နတ်ပြည်ခြောက်ထပ်ကို
တဇိုးလက်ဆောင်ပေးမလို့လား
နားပါ
 ငါငရဲပြည်မှာပဲ လိုလိုချင်ချင်နေလိုက်မယ်။
# နှုတ်ဆက်ခြင်း
ဘာလို့လမ်းခွဲရမှာလည်း
ငါမှမင်းမျက်နှာမကြည့်ပဲမနေနိုင်တာ
ဘရိတ်ဓါးတွေမြိုချနေသလို
 သွေးစိမ်းပွက်ထဒဏ်ရာကို
ငရဲမီးတစ်စက်ချင်းကျစေသလို
ငါစိတ်ငါ့နှလုံးသား
ငါ့ခန္တာ
 လောင်မီးကျသွားပါစေ
မင်းငါ့အနားကဆံခြည်တစ်မျှင်တောင်
 ခွာမသွားရဘူး။




အရိပ်

0 comments:

Post a Comment