-သောကခြေရာ
မောသမျှဖြေရာအိမ်ကိုလွမ်း
တမ်းတတယ်အဖေ့အိမ်က
စားမြိန်တဲ့အမေ့လက်ရာဟင်းနဲ့
ထမင်းဝိုင်းလေး ။ ။
-တကျိပ်မကပါ ထမင်းဝိုင်းမှာ
အတင်းဝိုင်းကာ စကားဖောင်ဖွဲ့
တရားဆောင်တဲ့အဖေ့စကား
အမေ့တရားကကာရံ
နာခံကာပြန်ဆွေးနွေး
နွေးထွေးတဲ့မေတ္တာထမင်းဝိုင်းမှာ
အတင်းဝိုင်းကာစားချင်သေး
ဝေးကနေတွေး။ ။
ကိုညီညီလေး - ထီလာမိုးမြေ
(Facebook ပေါ်မှာကြားသိရတဲ့သတင်းတွေစိတ်ကိုထိခိုက်ခံစားရလွန်းလို့ ကျနော်တို့မိသားစုဘ၀ရဲ့ ထမင်းဝိုင်းလေးကို အဝေးကတမ်းတရင်း..................
ကျနော်ရေးမိလိုက်တာပါ................................................................)
0 comments:
Post a Comment