ဘ၀ပြေးလမ်း ................
လျှောက်လှမ်းကြကိုယ်စီ
ဘယ်ဆီကိုလှမ်း
ဘယ်လမ်းကိုလျှောက်လျှောက်
မရောက်သေးတယ်
ကြမ်းတယ်ကွယ့်ခရီး
မပြီးစီးနိုင်
သက်ဆိုင်ရာပန်းတိုင်
လှမ်းကိုင်ဖို့ရေး
ပြေးလမ်းပေါ်လျှောက်ရင်း
အချင်းချင်းလည်း
အလဲထိုးလိုထိုး
အမျိုးမျိုးဘဲ..............ကြိုးဆွဲသူကဆွဲ
အလဲအကွဲ...............လဲသူကိုမထူ
အားငယ်သူကို
သိမ်းပိုက်ယူတော့တယ်
ဘယ်သူသေသေ...........ငတေမာနေကြ
အတ္တတွေကြီး
လောဘမီးတွေကြောင့်................နီးရက်နဲ့ဝေး
ပေးဆပ်ရသမျှ............ပျောက်ရှခဲ့ရ
မောဟအမှောင်မှာ.................
သိက္ခာတရား...................ပျက်ပြားပြီသီလ
ပြန်ရှာမရ
သောကမီးနဲ့ နောင်တ သာ ရင်မှာကျန်ပေါ့။
ကိုညီညီလေး - ထီလာမိုးမြေ
လွန်ခဲ့သော လေးလခန့်ကရေးခဲ့သော ခေါင်းစဉ်မတပ်ခဲ့သောကဗျာကို ခေါင်းစဉ်တပ်ပြန်လည်ခံစားသည်။
0 comments:
Post a Comment