မင်းလေးနဲ့ငါ
ကမ္ဘာပေါ်မှာဆုံတွေ့လို့
ရင်ခုန်သံစည်းချက်ညီကာ
ပီသခဲ့ချစ်ကဗျာလေး
ဒို့နှစ်ယောက်ရဲ့ကမ္ဘာလေးမှာ
ကာရံချိုသာ။
သာသာယာယာ
ကာရံချိုကဗျာလေးမှာ
တခါတခါဝေးရတာများ
ကာရံတွေခါး။
များခဲ့တဲ့ဝေးရက်တွေ
ဘေးထွက်နေအလွမ်းခါးကို
အနမ်းများနဲ့ချိုစေဖို့
အလွမ်းများနဲ့ကိုလေ
အနမ်းချိုတွေဆောင်ယူကာခစား
ပေးသနားပါညီမလေးက
အေးမြညများ။
ကိုညီညီလေး - ထီလာမိုးမြေ
0 comments:
Post a Comment