Tuesday, September 17, 2013

သေဆုံးခြင်း (သို့) မွေးဖွားခြင်း

-သေဆုံးခြင်း----
ချိုမြိန်အတိတ် ၊ ဆိတ်သုဉ်းခဲ့ရာ
အနာဂတ်မှာ ၊ ဘာဖြစ်မလဲ
အတွေးထဲဝယ် ၊ တ၀ဲလည်လည်
ကြယ်စုံတဲ့ည ၊ လွမ်းရတယ်လေ
သေဆုံးခြင်းလား ၊ မွေးဖွားခြင်းလား
ေ၀၀ါးတိတ်ဆိတ် ၊ မျက်စိမှိတ်လို့
စိတ်ရဲ့စေရာ ၊ လွှင့်ကာမျှောရင်း
ချစ်ခြင်းမုန်းခြင်း ၊ လွမ်းခြင်းဆွေးခြင်း
တွေးရင်းဖြေရှာ ၊ အရာရာသည်
ဒီချိန်ကစ ၊ အကုန်ပျောက်ဆုံး
သေဆုံးကြလေပြီ................

ကိုညီညီလေး - ထီလာမိုးမြေ

----မွေးဖွားခြင်း----
အနာဂတ်သစ် ၊ ဖြစ်ပျက်ကိုရှာ
အတိတ်မှာလည်း ၊ ဘာပဲဖြစ်ခဲ့
ထားခဲ့ပါ့မယ် ၊ ကွယ်ပျက်ပျောက်ဆုံး
အရှုံးတရား ၊ သွားပါစေတော့
ပေါ့လို့မရ ၊ လက်ရှိဘဝ
ပစ္စက္ခမှာ ၊ အရာရာကို
ပိုကောင်းစေကြောင်း ၊ အားသစ်လောင်း၍
အကြောင်းအကျိုး ၊ အကောင်းအဆိုး
တိုးလို့ဝေဖန် ၊ အမြတ်ကျန်ဖို့
ချန်ခဲ့လောဘ ၊ ဒေါသမောဟ
မာန်မာနတွေ ၊ ခ၀ါချမှ
လောကအလယ် ၊ ဘယ်သူပြိုင်ပြိုင်
မနိုင်စေရာ ၊ သစ္စာတရား
မွေးဖွားခြင်းများစလေပြီ...................

ကိုညီညီလေး - ထီလာမိုးမြေ
 
ဘာရယ် ညာရယ်ကြောင့်တော့ မဟုတ်ပါဘူး...............
ဆန့်ကျင်ဘက် အရာနှစ်ခု အတွေးထဲမှာပေါ်လာတာကြောင့်...........
ကျနော်လည်း အတွေးနယ်ချဲ့မိတယ်ဗျ..........
ဘယ်နယ်လည်းဆိုတော့ အတွေးကဗျာနယ်ပေါ့ဗျာ.....
ကဲ အားပေးဝေဖန် အကြံပြုကြည့်ကြပါအုံး....................
 

0 comments:

Post a Comment