Tuesday, September 17, 2013

ဂျလေဘီမှတ်စု ၎


ခန္ဓာဗေဒဟာ အင်းဆက်တွေထဲခွေဝင်
(ဒီလိုပဲ) အိမ်မက်အနှစ်သားတွေက
ပြဌာန်းထားသလို တောင့်မခံနိုင်တော့။

ဒုန်းစိုင်းသွားတဲ့ခေါင်းလောင်းသံတွေကိုလည်ဲး
ကတ္တားပုဒ် ကံပုဒ် အာရုံမရတော့ပြီ့
လုပ်မရတော့ဘူး(ကိုယ်လူ)
အရှိတရားနဲ့ အမှန်တရားလက်မ မခြားကီးလွဲတယ်။

မကင်းရာမကင်းကြောင်းသပ်လျှိုခံရအဇ္ဈတ္တတွေနား
အနှီခေတ်က ဇက်ကြိုးဆွဲသလိုမသွားတော့
ပုံမှန်မသွေးရသေးတဲ့ အနားသပ်စတွေနဲ့ 
လီဆယ် ၊ပုံအပ် ကျိတ်ပုန်းပြန်နွှင်ကြ။

အပြစ် အပြစ်
သွေးပြန်စုတ်ရစ်နေဆဲပဲ ပဒေသရာဇ်
ဆုတ်ဖြဲလိုက်တဲ့ ကျိန်စာဖက်တွေလား
(ရှိစေ)
ရှေးဦးမဆွ ပတ်တီးစတွေ ပြန်ဖြေချရသလို
" ထောက်" ခနဲတပ်မက်မှုမှာပြတ်တောက်သွား။

ဓီရ်ခေတ်အိမ်

0 comments:

Post a Comment