ဖြည်းဖြည်းပေါ့
ထိုးသွင်းလိုက်တဲ့ဓါးသွားဟာ
ဆော်ဒါမပါဘဲ ပွယောင်းနေတဲ့ညကို
သပ်တင်လိုက်တယ်
ပြဇာတ်ရုံထဲ ငြိမ်းချမ်းရေးဟာ
သမိုင်းပေးမျက်နှာပေးနဲ့ 
ဒီမိုကရေစီဆိုတဲ့ငနဲ
မပျင်းမရိကြွင်းကျန်ရစ်တဲ့
ပဒေသရာဇ်ပင်တွေပဲ
တူးရင်း ဆွရင်း စိုက်ရင်း ပျိုးရင်း
(ကျုပ်လေ)
ခင်ဗျားတို့ Game အသစ်နဲ့ 
ခပ်တန်းတန်းနေပါရစေလား။
ဟုတ်ကဲ့။
အသိဥာဏ်ဟာ ထိန်းကွပ်မဲ့ သက်ဆုံးတိုင်ဖက်တွယ်နေဖို့ 
အယူဝါဒချင်း မေထုန်မှီဝဲကြ ၊
မြှူဆွယ်ကြ လှိုက်လှိုက်တက်လာတဲ့
ဆပ်ပြာပူပေါင်းတွေအစား
သင်တုန်းဓါးအောက်က မုတ်ဆိတ်မွှေးလေးပဲ
လက်သည်းကိုက် လွမ်းနေရစ်ခဲ့။
မုသာဝါဒဗေဒ ၊ အောက်သိုးသိုးလရောင်ပဲ
(မရှိတဲ့အဆုံး)
ပြန်ဆယ်ယူစားသောက်ခြင်းသုခုမ
ရိုးကျမြေကျ ၊ အသိပ်သည်းဆုံးအနမ်းချွန်မြမြနဲ့ 
ရွစိတက်နေတဲ့ ပင့်သက်တွေထိုးဖောက်ဖူးတယ်။
ဓီရ်ခေတ်အိမ် ၁၇ ၉ ၂၀၁၃






0 comments:
Post a Comment