ဘ၀လေဆန်မှာ စုံကန်စီးမျောလို့
သတိတရားကို ခဏခဏ ကောက်သီလို့.....
တခါတခါ ငိုက်မျည်းလို့.....
ယောင်ချာချာ အတွေး
ရှေ့ပြေး နောက်လိုက် မညီသေးဘူး
မေမေ လေဆန်ကို အန်တုဖို့
သင်းကွဲ တစ် ကောင်ရဲ့
အားမာန်မျိုး သားလိုချင်တယ် မေမေ
မေတ္တာတရားတွေကို ခိုင်မြဲဖို့
သံယောဇဉ်ကြိုးတစ်ချောင်းကို
ဘယ်တော့မှ ဂုဏ်/ ငွေ/ ဓန နဲ့
မကျစ်တဲ့ မေမေ ရိုးဖြောင့်ပြီး
ဘယ်တော့မှမကောက်ကျစ်
သဘောမှန်ထားဖြစ်တဲ့ မေမေ
ဝေဒနာတွေ အနေကြာလာတဲ့ အခါ
အမေဟာ ဖြေစရာ သွေစရာ
ကန္တရထဲက အိုအေစစ်လေးပါ မေမေ
အဆင်မပြေတာတွေကို အနာလုပ်ပြီး
အချိန်တွေကို ဖြုန်းတီး
ဖိနပ်ပေါင်းများစွာပဲကုန်တီးဆွေးမြည့်
သား...ထိုင်ရာက မထမိသေဘူး မေမေ
ရှုံးနိမ့်ခြင်း အပြိုင်ပြိုင် အိုင်ထ,နေတာတောင်
လောကဓံကို ခါးစောင်းတင်ထားတဲ့မေမေ
မေမေ့  မေတ္တာတွေဟာ
လအစင်း သိန်းသောင်းမက အေးမြပါတယ် မေမေ
ဘ၀လှိုင်း ကြမ်းသလောက်
မေမေ့  မေတ္တာတရားတွေခိုင်မြဲ
သား...၀င့်ထည်တဲ့
ဝာ စ်ေ န့ 
မေမေ့ အကြင်နာတရားတွေ
သား ငဲ့ ကြည့် ချင်တယ် မေမေ
ဒါပေမယ့် မေမေရယ် လေးဆယ် စွန်းရုံ
မေမေ အဖြစ်သနစ်က
ကြမ္မာကြမ်းကြမ်း ခရီးလမ်းမှာ
ခြောက်ဆယ်ကျော် ဖွားကြီးအိုလေးဖြစ်လို့...
သားရင်မှာ မချိဘူးမေမေ
သား လျှောက်တဲ့ လ မ်း သား ရောက်တဲ့ေ န ရာ
သား ..... တခါတခါ မေမေ့ ကဗျာရွတ်သံတွေနဲ့
အသက်ဆက်ရ
တခါတခါ မေမေ့ အိပ်ယာဝင်ပုံပြင်တွေ
တမ်းတ တခါတခါ မေမေ့ သားချော့တေးတွေ
လွမ်းလှပါတယ် မေမေ
သားက သင်းကွဲတစ်ကောင်ပါ မေမေရယ်
ဘာရယ်မဟုတ်ပါဘူး
အဆင်မပြေတာတွေများတော့ မေမေ့ ကို သတိရမိတာပါ.....






0 comments:
Post a Comment