လွမ်းရမဲ့ ရက်တွေအတွက်
တေးဆက်ကာ သူ့အနားမှာ
ရှိချင်နေခဲ့တယ်......
တကယ်ဆို မရယ်...
ရင်ဘတ်ကြီး ဟောင်းလောင်းနဲ့
ဒဏ်ရာတွေ တသီကြီး ဘယ်သူက လိုချင်ခဲ့မလဲ........
ဒါပေမယ့်
သတ္တိနည်းတဲ့ ကျွန်တော်
ဖွင့်ဟ ၀န်ခံရမှာ ကြောက်နေတယ်ဗျာ....
ဒါပေမယ့်
ခု ၀န်ခံတယ် မမ..
မ ကို ကျွန်တော် အသက်ထက်ပိုချစ်တယ်....
ဒီထက်ပိုတဲ့ စကားလုံးလဲ ရှာမတွေ့ခဲ့ပါဘူး....
ဒါပေမယ့်
အနားမှာ ထာဝရ သက်သေပြခွင့်ရအောင်
ပြန်လို့သာ ချစ်လိုက်ပါ မ...ရယ်
ကျွန်တော် ရင်မကွဲရအောင်ပေါ့
မာန်(ချစ်ရသော မ....သို့)
Wednesday, September 18, 2013
Subscribe to:
Post Comments (Atom)






0 comments:
Post a Comment