Thursday, September 26, 2013

မင်း...

တမ်းတလွမ်းဆွတ်မှု
စိတ်အစဉ်တို့က ဂယောက်ဂယက်
လိပ်ပက်လက်လို ဘာလုပ်ရမှန်းမသိ
ငါကြိုးစားသေးပေမဲ့ ......
အဆုံးသတ်ရလဒ်က ဗလာနတ္ထိ.......။

မင်းပြောသလို ....
...အချိန်က ကုစားပေးမှာပါ... လို့
ထင်မှတ်ထားခဲ့ခြင်းက မှားယွင်းခဲ့မှန်း
မင်းအတွက် ရေးထားတဲ့ ကဗျာတွေ
တစ်နေ့ထက် တစ်နေ့ ပိုလာခဲ့မှ
ငါသိရတယ်........။

ရည်မှန်းချက်ရှိခဲ့တဲ့ ငါ့အတွက်
ဘ၀ကို ဒီခြေတစ်စုံပေါ်မှာ မြဲအောင်
ကြိုးစားနေရပေမဲ့
ငါအလိုချင်ဆုံး ဆုက
မင်းတစ်ယောက်ထဲပါ................။

အတိတ်ကို သတိရတိုင်း
ငါ့အတွေးတွေထဲမှာ မင်းရဲ့ မျက်ဝန်းတစ်စုံကလွဲရင်
ငါဘာများ တမ်းတမိသေးလို့လဲ...။

ပင်လယ်တွေကာဆီးလည်း
ညတိုင်း ငါ့ဆီကို
အိမ်မက်လှေနဲ့ အရောက်လာတဲ့
မင်းကို..ငါ ......
ချစ်တယ်....ဆိုတာက လွဲပြီး
ဘာပြောနိုင်ဦးမှာလဲ..................။


မာန်

0 comments:

Post a Comment