ငါ...
လွမ်းတဲ့ နေ့
ဒီနေ့ရောက်တိုင်း....ကဗျာတွေရေး...
အတိတ်ကိုတွေးရင်းး....
ပြန်မရနိုင်တဲ့
အမှတ်တမဲ့ နေ့တွေကို
တစ်ရွက်ချင်းလှန်ကြည့်.....
ဂွီကနဲ
ဗိုက်ကအချက်ပေးတော့
ကော်ဖီလေးသောက်
မှောက်အိပ်နေချင်တာ
နင့်ကိုမေ့အောင်လေ.....
မရပါဘူး.....
အိမ်မက်က မရမကနှိုးတယ်...
ပြန်ထ ပြန်ကြည့်..
မင်းဓါတ်ပုံလေး....
ခပ်ဟောင်းဟောင်းလေးပဲ
ဒဏ်ရာလေးကတော့....
မပြောင်းလဲဘူး....အရင်အတိုင်းပဲ
ဒိန်းကနဲပြေးဆောင့်လိုက်တာ..
အောင့်အောင့်တက်တယ်...
နှလုံးရောဂါတော့
နှလုံးရောဂါပဲ
ဒါပေမယ့်
လွမ်းတဲ့ နေ့
ဒီနေ့ရောက်တိုင်း....ကဗျာတွေရေး...
အတိတ်ကိုတွေးရင်းး....
ပြန်မရနိုင်တဲ့
အမှတ်တမဲ့ နေ့တွေကို
တစ်ရွက်ချင်းလှန်ကြည့်.....
ဂွီကနဲ
ဗိုက်ကအချက်ပေးတော့
ကော်ဖီလေးသောက်
မှောက်အိပ်နေချင်တာ
နင့်ကိုမေ့အောင်လေ.....
မရပါဘူး.....
အိမ်မက်က မရမကနှိုးတယ်...
ပြန်ထ ပြန်ကြည့်..
မင်းဓါတ်ပုံလေး....
ခပ်ဟောင်းဟောင်းလေးပဲ
ဒဏ်ရာလေးကတော့....
မပြောင်းလဲဘူး....အရင်အတိုင်းပဲ
ဒိန်းကနဲပြေးဆောင့်လိုက်တာ..
အောင့်အောင့်တက်တယ်...
နှလုံးရောဂါတော့
နှလုံးရောဂါပဲ
ဒါပေမယ့်
အဲဒါက နှလုံးသားရဲ့ အမြစ်တွယ် ကင်ဆာ......
____မာန်____






0 comments:
Post a Comment