Thursday, September 26, 2013

အတ္တ.....များ ..ကြား

ကြားလိုက်လား....
ရင်ဘတ်နှစ်ခုနဲ့
ခုန်နေတဲ့ နှလုံးသားတစ်စုံ....

အဲဒီတုန်းက တို့နှစ်ယောက်
စသိကြရုံပဲ...

အကျင့်မတူ စရိုက်မတူဘူး...
ဒါပေမဲ့ တစ်ယောက်မကောင်းတာလေး
တစ်ယောက် ထောက်ပြ
ချစ်ခင်စွာနေလာခဲ့တာ...
(၃)နှစ်ကျော်ဆိုတဲ့ အချိန်
ရောက်ခဲ့တယ်...

ဒီအတွင်း တစ်ကိုယ်ကောင်းဆန်တတ်တဲ့
မင်းကို အပြစ်မပြော
ငါ လိုက်လျောပေးခဲ့တယ်....

ငါအမြဲတမ်း ဗိုလ်ကျ ဆိုးသမျှကို
မင်းသည်းခံပေးခဲ့တယ်...

နားလည်မှုတွေနဲ့
တစ်ယောက်ကို တစ်ယောက်
ယုံကြည်ခဲ့ကြတယ်...

ခု ဒုက္ခလေးကျမှ
ဘာကြောင့်မဝေမျှ
မင်းမသိချင်ယောင်ဆောင်နေလဲ
သူငယ်ချင်း....
ငါအမြဲမျှဝေ..
မရှိတူရှိအတူ
သေအတူရှင်မကွာဆိုတဲ့
စိတ်ဓါတ်မယိမ်းယိုင်ရအောင်
ငါ့ ပျော်ရွှင်မှု ငါ့မိသားစု ပျော်ရွှင်မှု
ငါ့...ပျော်ရွှင်စရာအချိန်တွေမှာ
ဆွဲခေါ်ပေးခဲ့တယ်...

ခု ငါစိတ်ဆင်းရဲနေတယ်လေ...
မင်း.....
အတ္တကြားမှာ မျောနေတယ်...



မာန်

0 comments:

Post a Comment