Friday, September 20, 2013

နေတတ်ခဲ့ပြီ.........


ခဏတာ ပျော်ဖို့ ချစ်မိခဲ့တာ

မဟုတ် သလို တစ်ဘဝစာ

ရည်ရွယ်လို့ ချစ်ခဲ့တာပါ . . .

ချစ်ခဲ့ ကြတာ ပုံပြင် မဟုတ်တော့

လွယ်လွယ်လေးနဲ့ မေ့နိုင်မယ်လို့

မင်း ထင်နေလား . . . ချစ်သူ

ပြန်မဆုံနိုင်တော့ဘူးဆိုတာ

သိပေမဲ့ ငါ့ရင်မှာတော့

ရူးသွပ်စွာ မျှော်လင့်နေမိတုန်းပါပဲ . . .

အရင်က မခံစားတတ်တဲ့

အဆွေးသီးချင်းတွေကို

ငါ နှစ်သက်နေတတ်ပြီ . . .

အရင်က မငို တတ်ခဲပေမဲ့

ငါ့ အိပ်ပျက်ညတွေမှာ

မျက်ရည်ကို အဖော်ပြုလို့

နေတတ်ပြီ . . . ချစ်သူရယ်

 
 

0 comments:

Post a Comment