လမ်းချောနဲ့လမ်းကြမ်း
တသားတည်းမကျမှန်းသိရဲ့ 
အာသီသပြင်းပြင်းနဲ့
သွက်သွက်လေးလှမ်းခဲ့တဲ့ခြေ
ဇွတ်တင် မိခဲ့လေသမျှ
ခြေ ချော်ကြမှတော့
လမ်းပြောင်းလမ်းလွဲ
တ စေ့တ စောင်းလဲ
ထပ်ခါလေ့လာရအုံးမယ်
ဖြူတလှည့် ပြာတလှည့်နဲ့တိမ်
ပြောင်းတတ်တာသိရဲ့သားနဲ့လေ
ကာလာတွေထပ်စပ်ချင် မိခဲ့မှတော့
ရာသီဥတုမာယာတွေအ ကြောင်း
သဘာဝရဲ့မျက်နှာတွေအကြောင်း
တ စေ့တ စောင်းလဲ
ထပ်ခါလေ့လာချင်သေးတယ်
ဒိအလင်းမဆုံးခင် က လေး
အ မှောင် မ ရောက်ခင် က လေး
ရိုးစင်းလွန်းခဲ့တာကသစ္စာ
မေတ္တာက လောဘသားပေါ့
ကြမ္မာမုန်းတိုင်းကြားမှာ
မြင့်တခါ---နိမ့်တလှည့်
မြုပ်တခါ----ပေါ်တချီ်နဲ့
လျှော်ညီနေရ အောင် ကလဲ
ထပ်ဖန်ခါခါ
ဘဝစာမျက်နှာမှာ
လေ့လာနေရပါအုံးမည်-----"

0 comments:
Post a Comment