ယုံကြည်ခဲ့ ရာသီတွေကြောင့်
ထယ်ရေးငင် အိမ်မက်တွေ စိုက်ပျိုးလို့
စိတ်ကူးတွေ သန်မာစေခဲ့တယ်။
မိုးနဲ့သရက် အိုးနဲ့ကြွက်
လေးမျိုး လေးခု ဆိုရိုးပြုတာမေ့နေတော့
အချိန်လွန် အသိတွေက
ငါ့ရင်မှာ ဒဏ်ရာတွေဖြစ်လို့ ။
တပ်ဆင်မိတဲ့မီးသီး တန်စတင်ပျက်နေတော့
စီးဆင်ရာ စိတ်ကူးတွေ ပြတ်တောက်
လင်းလက်မှုတွေ မဲ့နေခဲ့ ။
ပျော်ရွှင်ခြင်းအတိတ်ကို ဆွဲဆန့်
စိတ်ကူးတွေငေးကြည့်တော့
ဒီညမှာ အာပေါဓါတ်တွေ မိုးတိမ်ဖွဲ့ကြ။
တဒင်္ဂသာယာမှုက
ဘဝမှာ
ခင်မင်မှုတွေ အသတ်ခံလိုက်ရတယ်။ ။
သိင်္ဂါလှိုင်(ကဗျာမြေသား),
0 comments:
Post a Comment