ကဗျာဆရာဖြောင့်ချက်
မသိစိတ်ရဲ့နာကျည်းမှုတွေမှာ
ခံစားချက်တွေ ကွယ်ဝှက်နေခဲ့တယ်။
တိုက်ဆိုင်တဲ့အဖြစ်တွေကြုံလာတိုင်း
ခံစာမှုတွေ ဆည်ကျိုးခဲ့ရတယ်။
မေ့ပျောက်ဖို့ကြိုးစားကာ
ဝေဒနာတွေ ကိုလျစ်လျူရှု့ခဲ့ပေမဲ့
ကံကြမ္မာရဲ့ကြည်စားမှုက အနာဟောင်းတွေအသစ်ဖြစ်ခဲ့ရတယ်။
ခံစားမှုတွေပါးလွှာလွန်းတော့
ဖြေဆည်ရာ
ကဗျာတွေမွေးထုတ်မိခဲ့တယ်။
ဖြစ်လားသမျှကအကြောင်းတရားကဆိုရင်
အကြောင်းတရားမကောင်းတဲ့ကျွန်တော်
အဆိုးတရားတွေပဲကြီးစိုးခဲ့ရပေါ့။
ရှင်သန်ရာဘဝကကြမ်းတမ်းခက်ထန်ရုန်းကန်ရပေမဲ့
အမေ့ရဲ့မေတ္တာထွေးပွေ့မှုနဲ့
လောကကိုရင်ဆိုင်ရင်း
ကျွန်တော် ကဗျာဆရာဖြစ်ခဲ့ရတယ်။ ။
သိင်္ဂါလှိုင်(ကဗျာမြေသား),
0 comments:
Post a Comment