အလွမ်းမိသူရဲ့ အလွမ်း
ခံစားမှု အတုတူသတိရတာလဲ
လွမ်းတာပဲ
မြင်မိမေးလဲ လွမ်းလို့ပဲ
အောက်မေ့တမ်းတ လွမ်းဘဝတွေ
လူတွေပြောနေတဲ့ လောက
အော် အလွမ်းစကား မလွတ်ကင်းခဲ့
မင်းရော လွမ်းသေးလား……
ငါကတော့ စိတ်ကိုဖြားယောင်မှုမှာ
ဒဏ်ရာတွေမန်းဝင် ရွာသူနှောက်ယှက်လို့
အပမှီသလိုံခံစားမှုတွေ အသိမကပ်ခဲ့……
နင်စိတ်ချမ်းသာရာ အမြဲရည်ရွယ်ခဲ့သူ
အလွန်ကျွံတော့မလုပ်နဲ့ပေါ့
အယ်ကိုလ်ဟော ကပြောတယ်……
ကျေနပ်ခွင့်လွှတ်ခြင်းတွေ
အိတ်သွန်ဖာမှောက် သွန်ချထား
ငါ့ဘဝ တစ်ခုလုံးပါ……
ဒါနဲ့တောင် ဝေးကွာခြင်းတွေနဲ့
သူစိမ်းဆန်ချင်သေးတယ်နော်
နှလုံးသားကပြောတယ်……
စိတ်ပျော်ရွှင်စေချင်ရင်တော့ သတိရပေးပါတဲ့
ဥယျာဉ်ကပြောတယ်……
မကျေနပ်တာမှန်သမျှ စိတ်ကုန်လွှတ်
ကြားအောင်ပြောပါ။
မင်းစိတ်တွေပေါ့သွာလိမ့်မယ်လို့
တောင်တန်းတွေကပြောတယ်……
အရာရာပေးဆပ်ထားတဲ့
ကမ္ဘာတောင်
စိတ်ကုန်တယ်ပြောတဲ့လောက
ငါ ထမ်းထားတာ သည်းခံစိတ်နဲ့ပါလို့
မြေကြီးရဲ့ အပြုံးနဲ့ပြောတဲ့စကား
ကြားမိတော့
ငါဟာ မြေဆီဖြစ်သွားခဲ့တယ်။
သိင်္ဂါလှိုင်(လွမ်းလမင်း)







0 comments:
Post a Comment