ရုပ်သေးဘဝရဲ့နောက်ဆုံးဇာတ်သိမ်း
သစ်သားစ ကိုခုတ်ထွင်း
ခြေလက်ခေါင်းခါး ကြိုတွေသီလို့
မရှိဘဝ အသစ်ရလို့
မင်းစေရာ ကခဲ့ ရတဲ့
ငါပါ………။
ရာမဇာတ်ကသလို
ခံစားချက်တွေက ရင်ထဲ လောင်မြိုက်လို့
ဟန်မှုရာတွေနဲ့ လုပ်ပြနေမိတယ်။
တကယ်တော့
အချိန်မရွေးပြိုကျလဲသွားနိုင်တဲ့
ကမ်းနားသစ်ပင်လို
ငါ့ဘဝ
မမြဲခြင်းတွေနဲ့တည်ဆောက်ထားခဲ့တယ်။
ကောင်းမလေးရယ်
ဗိုင်းငင်သူမရှိတဲ့ ဘဝမှာ
လသာတာလဲ အလကားပါပဲလေ။
ကြပ်ထုပ်ထိုးလို့ပျောက်ခဲ့ရင်တော့ အကောင်းသား
ဒဏ်ရာအထပ်ထပ် ကြေမွနေတဲ့နှလုံးသား
အရှင်လတ်လတ် ရင်ကွဲနာကျလို့
မင်းမေ့ထားတဲ့ အကောင်ပါ။
နောက်ဆုံးတော့
ကြိုးပြတ်သွားတဲ့ ဘဝ
တန်းချိပ်ချောင်ထိုးလို့
အခုဆိုငါ …
မင်းအတွက်အသုံးမဝင်တဲ့
ကြံကြိတ်စက်ကထွက် ကြံဖတ်ဖြစ်ခဲ့ရပြီ။ ။
ခြေလက်ခေါင်းခါး ကြိုတွေသီလို့
မရှိဘဝ အသစ်ရလို့
မင်းစေရာ ကခဲ့ ရတဲ့
ငါပါ………။
ရာမဇာတ်ကသလို
ခံစားချက်တွေက ရင်ထဲ လောင်မြိုက်လို့
ဟန်မှုရာတွေနဲ့ လုပ်ပြနေမိတယ်။
တကယ်တော့
အချိန်မရွေးပြိုကျလဲသွားနိုင်တဲ့
ကမ်းနားသစ်ပင်လို
ငါ့ဘဝ
မမြဲခြင်းတွေနဲ့တည်ဆောက်ထားခဲ့တယ်။
ကောင်းမလေးရယ်
ဗိုင်းငင်သူမရှိတဲ့ ဘဝမှာ
လသာတာလဲ အလကားပါပဲလေ။
ကြပ်ထုပ်ထိုးလို့ပျောက်ခဲ့ရင်တော့ အကောင်းသား
ဒဏ်ရာအထပ်ထပ် ကြေမွနေတဲ့နှလုံးသား
အရှင်လတ်လတ် ရင်ကွဲနာကျလို့
မင်းမေ့ထားတဲ့ အကောင်ပါ။
နောက်ဆုံးတော့
ကြိုးပြတ်သွားတဲ့ ဘဝ
တန်းချိပ်ချောင်ထိုးလို့
အခုဆိုငါ …
မင်းအတွက်အသုံးမဝင်တဲ့
ကြံကြိတ်စက်ကထွက် ကြံဖတ်ဖြစ်ခဲ့ရပြီ။ ။
သိင်္ဂါလှိုင်(ကဗျာမြေသား),






0 comments:
Post a Comment