မြင်နေကျမဟုတ်တော့
အနာဂါတ်ဟာ ဘဝကို
မျက်လုံးပိတ်မောင်းတယ်
ငါတို့ဟာ ကိုယ့်သေတွင်းကိုယ်တူးဖို့
ငါတို့ဟာ ကိုယ့်သေတွင်းကိုယ်တူးဖို့
Promotion ကာလမှာ Discount တွေချလို့
အများသုံးစံနှုန်းတွေနဲ့
အိမ်ထောင်ရက်သားကျနေတဲ့ အနုပညာ
လူကြပ်ကြပ် ၊ ကားကြပ်ကြပ် ၊ လူနေမှုဟာ ကောက်ရိုးတစ်မျှင်စာ ချောင်တယ် ။
ရှေကကလူပြောသမျှ
နောက်ကလူလက်မခံတာ မဆန်းဘူး
သိပ်ကိုငတ်မွတ်နေခြင်းပဲ
သိပ်ကိုငတ်မွတ်နေခြင်းပဲ
လူ့အဖွဲ့အစည်း ။ အညှီရှိရာ ဝိုင်းအုံလို့
ဘဝဟာ ဆိုက်ချင်မှ ဆိုက်တော့မယ့်
ရထား ( ဝါ ) လူစီးကြောင်းဟာ
အမြိုက်တရားထဲ ရှောရှောရှုရှုစီးဝင်သွားတယ် ။
အမြိုက်တရားထဲ ရှောရှောရှုရှုစီးဝင်သွားတယ် ။
ညဟာ ညနဲ့တောင် မတူသလိုပဲ ။
သေချာတယ် ။ မိသားစုဟာ မီးလင်းဖိုပါတဲ့
လှိုင်ဂူတစ်မျိုးလို့ အဓိပ္ပါယ်ရတယ် ။
Technique ပဲဖြစ်ဖြစ် ၊ Expression ပဲ ဖြစ်ဖြစ်ပေါ့ ။
ရိုးသားမှုရှိရင် ခင်ဗျားကဗျာ
ရုပ်ထွက်ကောင်းနိုင်ပါတယ် ။
ရုပ်ထွက်ကောင်းနိုင်ပါတယ် ။
ဂလိုဘယ်လိုက်ဇေးရှင်းထက်
ခြောက်ခြောက်သွေ့သွေ့လေး အိပ်ရဖို့ ၊
Frequency မမှန်တဲ့ ဆူညံသံတွေနဲ့ပဲ
နေ့တွေဟာ ကြွေပြနေရ ။
ချစ်ခြင်းမေတ္တာဆို
အမြှီးရရ ခေါင်းရရ အသေရရ အရှင်ရရပဲ ။
အီဂိုနာကြည်းမှုတွေ ၊
ပုဂ္ဂိုလ်ရေးနာကြည်းမှုတွေ ၊
ပုဂ္ဂိုလ်ရေးနာကြည်းမှုတွေ ၊
အဖွဲ့အစည်း နာကြည်းမှုတွေ ၊
အယူဝါဒ နာကြည်းမှုတွေ ။
ဒီတောင်ကျော်ရင် ဒီနေတွေလည်း
ဒီတောင်ကျော်ရင် ဒီနေတွေလည်း
ယွန်းတော့မှာပါ ။
( သေချာသလောက်ပဲ )
သရုပ်မှန်တွေပါ အချင်းချင်း ဖောက်ပြန်ကုန်ပြီ ။
လူမှုရေးလုပ်ကြံခံရမှုကို
ကွမ်းစား ဆေးလိပ်သောက်ပဲ မှတ်တယ် ။
ကွမ်းစား ဆေးလိပ်သောက်ပဲ မှတ်တယ် ။
ကွန်မြူနစ်လား လစ်ဘရယ်လား
အချိတ်အဆက်မှန်ရင်
အချိတ်အဆက်မှန်ရင်
ဝန်နဲ့အား ဝင်ရိုးမှာ ကျဖို့ပဲ လိုတယ် ။
ငယ်ဘဝတွေဆီ
နေ့စဉ်သုံးမိနစ်မျှ နှလုံးသွင်း ။
နေ့စဉ်သုံးမိနစ်မျှ နှလုံးသွင်း ။
အမှားလို့ မခေါ်ဘူုး စမ်းသပ်လို့ ခေါ်တယ် ။
ဖြတ်တောက်တိုင်းတော့ ဖြတ်စတွေ
ဖြတ်တောက်တိုင်းတော့ ဖြတ်စတွေ
ထွက်လာမှာပဲ
ဟိုခြစ်ဒီခြစ်ပေါ့ ကဗျာ ။
ဒါလည်း Realism လို့ တံဆိပ်တပ်လိုက်တယ် ။
နိုင်ငံတွင်း ကူးယူသုံးစွဲမှု မရှိသေးသော
အယူဝါဒ တစ်ခုအား အပူတစ်ပြင်းရှာဖွေမိ ။
အယူဝါဒ တစ်ခုအား အပူတစ်ပြင်းရှာဖွေမိ ။
ဦးနှောက်အတွင်း အသိဥာဏ်ယိုစီးမှုအား
ပြောင်းပြန်ဖြစ်စေချင်မိ ။
ပြောင်းပြန်ဖြစ်စေချင်မိ ။
တစ်ခါတစ်ခါတော့ အရူးဆုတောင်းတယ် ။
ဒီဆေးလိပ်ငွေ့တွေ သိပ်ရှည်နေပါလား
ဒီဆေးလိပ်ငွေ့တွေ သိပ်ရှည်နေပါလား
မှန်ထဲ ကြည့်တော့လည်း မကောင်းဆိုးဝါးပဲတွေ့ ။
ဟိုးအဝေးမှာ ၊
ဟိုးအဝေးမှာ ၊
အနားမှာ ၊ အိမ်ရှေ့မှာ ၊
ရိပ်သာမှာ ၊ ဆေးလိပ်ငွေ့တွေမှာ ၊ ကော်ဖီခွက်ထဲမှာ
လိင်ကိစ္စမှာ ၊
လိင်ကိစ္စမှာ ၊
ဝင်သက်ထွက်သက်မှာ ၊ ကဗျာမှာ ၊
အက်ဆေးမှာ ၊ အယူအဆတွေမှာ ၊
ငါဟာ ခေါက်တုံ့ခေါက်ပြန်
ငါဟာ ခေါက်တုံ့ခေါက်ပြန်
သေသေသပ်သပ် ရူးနေကြောင်း
တွေ့ရှိထားတယ် ။






0 comments:
Post a Comment