Thursday, October 3, 2013

နှလုံးသားထဲက ငိုရှိုက်သံ


ငါ့ရဲ့နှလုံးသားတစ်ထောင့်တစ်နေရာထဲက
ကပ်တွယ်နေလေတဲ့ နင့်ရဲ့ဆူးလေးတစ်ချောင်း
နုတ်ယူလို့မရသေးဘူးဟာ...


ရှိုက်သံနဲ့အတူ နေ့စဉ်ညတိုင်း
အော်ဟစ်ငိုကြွေးနေတဲ့
နှလုံးသားထဲက
အသံ သဲ့သဲ့လေးကလည်း
တစ္ဆေ တစ်ကောင်လို ခြောက်လန့်နေဆဲပဲ....


နင်ရိုက်သွင်းထားခဲ့တဲ့
ငါ့နှလုံးသားလေးထဲက
နင့်ရဲ့ ပုံရိပ်စစ်ကို
ထာဝရအဖြစ်
မှားယွင်းစွာ
သိမ်းဆည်းထားမိတယ်...


ငါချစ်တတ်လွန်းလို့
အရှုံးပေးတိုင်း
ငါ့သိက္ခာတွေကို
ချနင်းဖို့ မကြိုးစားပါနဲ့တော့ဟာ..


နင် ချေနင်းဖို့ကြိုးစားနေတဲ့
ငါ့သိက္ခာရဲ့ နောက်ကွယ်မှာ
နင့်ကို ချစ်လွန်းလို့
ခဝါချထားတဲ့
ငါ့ရဲ့မာန်မာနတွေ ရှိသလို
 

နာကျင်မူတွေနဲ့ အသားကျနေတဲ့
ငါ့ရဲ့ မခံချင်စိတ်တွေလည်း
ရှိနေတယ်ဆိုတာ
နင်နားလည်ထားပါဟာ...


ဒါပေမယ့်.....
အသားမကျသေးဘူးထင်ပါရဲ့
ငါ့နှလုံးသားထဲက
ရှိုက်သံ သဲ့သဲ့လေးကို
ငါ ကြားနေရတုန်းပဲဟာ .....

0 comments:

Post a Comment