စင်ထွက်သွားတဲ့ မြင့်မိုရ်
ခေါင်မိုးပေါ်မိုးစက်ရိုက်သံတွေကြား
လင်းကြက်တွေတောင်ပံခတ်နေပြီ
တံစပ်မြိတ်အောက်မှာလှုပ်လှူပ်နဲ့ 
ခြင်မီးထည့်နေလားအမေ
မနက်ဆိုသား..မြို့ ပြန်တော့မယ်။
မီးဖိုနံဘေး
အမေထိုင်နေတာသားတစ်သက်ကြာ
ဘ၀ကဘာလဲအမေ
ဟော ထမင်းဆူနေလား
နွားတင်းကုတ်ထဲကဘာသံတွေလဲ
အဖေ ဝေလီဝေလင်းထွန်ချိတ်နေပြန်ပြီ
ဂရုစိုက်ခိုင်းဦး
အမေ...သားမနက်ဆိုမြို့ ပြန်ရတော့မယ်..။
ရေနံဆီမီးရောင်လား
အမေ့မျက်နှာဝင်ခွေနေတယ်
ဟင် ငါးခြောက်ငါးခြမ်းတွေလုပ်နေပြန်ပြီလား
ချစ်ခြင်းကလွဲ မြို့ မှာဝယ်ရတယ်အမေရဲ့
အုန်းမောင်းတောင်ခေါက်နေပြီ
ဒါနဲ့ အဖေ့စပါးတွေရော အထွက်ကိုက်ရဲ့လား
အမေ...
ခဏဆိုသားသွားရတော့မယ်နော်..။
ရောင်နီတွေတက်လာပြီ
ရထားမှီအောင်သွားရတော့မယ်
အရီးလေးတို့ အိမ်စုရော မာရဲ့မဟုတ်လား
ဒူးခေါင်းကဒဏ်ရာဆေးထည့်ဦးနော်
ပေါ့လည်းပေါ့ရော့ပါတယ်အမေက
"..........................."
"အမေ"
"..........................."
သားသွားပြီနော်..။
လှည်းဝင်ရိုးလည်သံတကျီကျီလား
ဖုန်တွေတလုံးလုံးနဲ့ 
ဟင့်ခနဲရှိုက်သံလားသားကြားတယ်
ဟိုးပြပြဆီက ညနေစောင်းမှာရွက်တောင်းခါးစောင်းတင်လို့ 
အမေလား မြင့်မိုရ်နားမှာအလှဆုံးပြုံးသွားတယ်....။
လင်းကြက်တွေတောင်ပံခတ်နေပြီ
တံစပ်မြိတ်အောက်မှာလှုပ်လှူပ်နဲ့ 
ခြင်မီးထည့်နေလားအမေ
မနက်ဆိုသား..မြို့ ပြန်တော့မယ်။
မီးဖိုနံဘေး
အမေထိုင်နေတာသားတစ်သက်ကြာ
ဘ၀ကဘာလဲအမေ
ဟော ထမင်းဆူနေလား
နွားတင်းကုတ်ထဲကဘာသံတွေလဲ
အဖေ ဝေလီဝေလင်းထွန်ချိတ်နေပြန်ပြီ
ဂရုစိုက်ခိုင်းဦး
အမေ...သားမနက်ဆိုမြို့ ပြန်ရတော့မယ်..။
ရေနံဆီမီးရောင်လား
အမေ့မျက်နှာဝင်ခွေနေတယ်
ဟင် ငါးခြောက်ငါးခြမ်းတွေလုပ်နေပြန်ပြီလား
ချစ်ခြင်းကလွဲ မြို့ မှာဝယ်ရတယ်အမေရဲ့
အုန်းမောင်းတောင်ခေါက်နေပြီ
ဒါနဲ့ အဖေ့စပါးတွေရော အထွက်ကိုက်ရဲ့လား
အမေ...
ခဏဆိုသားသွားရတော့မယ်နော်..။
ရောင်နီတွေတက်လာပြီ
ရထားမှီအောင်သွားရတော့မယ်
အရီးလေးတို့ အိမ်စုရော မာရဲ့မဟုတ်လား
ဒူးခေါင်းကဒဏ်ရာဆေးထည့်ဦးနော်
ပေါ့လည်းပေါ့ရော့ပါတယ်အမေက
"..........................."
"အမေ"
"..........................."
သားသွားပြီနော်..။
လှည်းဝင်ရိုးလည်သံတကျီကျီလား
ဖုန်တွေတလုံးလုံးနဲ့ 
ဟင့်ခနဲရှိုက်သံလားသားကြားတယ်
ဟိုးပြပြဆီက ညနေစောင်းမှာရွက်တောင်းခါးစောင်းတင်လို့ 
အမေလား မြင့်မိုရ်နားမှာအလှဆုံးပြုံးသွားတယ်....။
ဓီရ်ခေတ်အိမ်






0 comments:
Post a Comment