Friday, October 4, 2013

န န်း သိ မ်း ပွဲ

န န်း သိ မ်း ပွဲ


နန်းသိမ်းပွဲ
……………

လာကြလေ့ လာကြ
အာရှရဲ့ မြို့ ရိုးမှာ
ဒို့ အမျိုးတွေရဲ့ ဟိတ်တန်ခိုးတွေတူးရသတဲ့။

ညီမက ဘယ်လက်ကမ်း
အစ်ကိုက ညာလက်ချိတ်
ဒို့ အတိတ်ကိုသင်ပုန်းချေကြမည်ပေါ့ ။

အနာဂါတ်ဟာ ရေမြေကောင်းခိုက်
မြန်မာကို စိုက်ကြစို့ 
ဟိုးဝေးဝေးပြပြမှာ
အောင်ပွဲတွေ တွေ့ နေရပြီ …။

ကိုယ့်တာဝန်ကိုယ်ကြေ
ကိုယ့်သမိုင်းကိုယ်ရေး
ကမ္ဘာမကြေဟာလည်ချောင်းကိုဖောက်ထွက်သွားပါစေ
ငါတို့ သွေး ငါတို့ အသား
ဘာသားနဲ့ ထုထားမို့ လဲ
လက်ခုပ်သံမှ မညံလိုက်ရရင်
အဲ့လူ မအူရုံတမယ်ကျန်မှာပေါ့ ။

ဟေ့…မြန်မာ…ဟေ့
နင့်သားတွေ အဲဒီနေ့ 
မာန်ဝင့်လို့  အလံလွှင့်တိုက်လိမ့်မယ်
နင့်ရင်ကိုဖွင့်ထား
ခေတ်စနစ်က သေရွာပြန်လာပြီကြားတယ် ။

မျိုး ဂုဏ် ရိုး ဂုဏ်
ဗိုလ်ချုပ်ပုံရင်မှာစိုက်
ဟေ့ ဒို့ လူမျိုးတိုက်ရမယ့်နေ့ ပဲ
သပြေညောင်လက်ဆောင်အသင့်
မြန်မာနိုင်ပြီသီချင်းအဖွင့်တင်
ဝိဥာဉ်လွင့်မတက်ကွာ
မိုးထက်က ကြားရပါစေ့နော် ။

ဒို့ သမိုင်းကဘာမို့ လဲ
မြို့ ရိုးထိပ်မှာ ကြယ်ဖြူတစ်ပွင့်
ကောင်းကင်ပေါ် ဝင့်တက်သွားရမယ်…။
ဓီရ်ခေတ်အိမ်

0 comments:

Post a Comment