Saturday, October 5, 2013

အချစ်ခြေရာ

  • အချစ်ခြေရာ
 
တကယ်ဆို ငါက
မင်းပြန်ချစ်လာဖို့ မမျှော်လင့်ခဲ့ဘူး
မျှော်လည်း မလင့်ရဲခဲ့ဘူး

ပြီးတော့...
ငါ့အိမ်မက်ကောင်းကင်က
အပြာရောင်တိမ်တိုက်တွေလို
ခမ်းနားဖို့မလိုဘူး...

သဲတစ်မှုန်စာလောက်က
ကန္တာရ ဖြစ်စမ်းပါစေ
ငါမမှုဘူး...

ငါလည်းလူတစ်ယောက်ပဲ
ခံစားတတ်တယ် စာဖွဲ့တတ်တယ်
လျှို့ဝှက်ချက်တွေနဲ့ နေထိုင်တတ်တယ်

ဒီလိုဘ၀ကို ငါမငြီးငွေ့ဘူး
နှစ်ကြိမ် နှစ်ခါ လဲကျစမ်းပါစေ
ငါမမှုဘူး

ဘာကြောင့်လဲဆိုတော့...
ငါပြိုယိုင်သွားချိန်တိုင်း...
ငါ့နှလုံးသားရဲ့ ဘယ်ဘက်ရင်အုံတစ်နေရာမှာ
မင်းနေထိုင်နေတယ် ဆိုတဲ့
အတွေးကလေးရှိလို့ပဲ...

ဒါကြောင့်ငါ့ကို " အတ္တဆန်တဲ့ လူအ " လို့
ခေါ်ချင်ခေါ်ဝေါ်ကြပါစေ ငါဂရုမစိုက်ဘူး

ငါ အ လို့ချစ်ခဲ့တာမှ မပာုတ်
ချစ်လို့ အ ခဲ့တာပဲ....


  • နေမထိ

0 comments:

Post a Comment