- အချစ်ပုံပြင်( ၁ )
ငယ်စဉ်အခါ စိတ်ကစားလို့
မင်းမပာုတ်တဲ့ တစ်ယောက်ကို
ကြိုက်မိခဲ့တယ်ဆိုတာ
ကိုယ်ဝန်ခံပါတယ်...
ဒါပေမယ့်လည်း
ရင်မခုန်ခဲ့ဘူး မချစ်ခဲ့မိဘူး
အချစ်ဆိုတာ ဘာမှန်းတောင်မသိခဲ့ပါဆိုတာ
ယုံကြည်စေချင်တယ်...
သို့သော်....မင်းနဲ့
တတိယအကြိမ် ဆုံတွေ့ခြင်းကစလို့
ငါရင်ခုန်တတ်စပြုလာခဲ့တာပါ.
မင်းအပြောလေးတွေကြားမှာ
ငါပျော်ရွှင်တတ်ခဲ့တယ်
မင်းအကြည့်လေးတွေအောက်မှာ
ငါပာာ အခါခါကျရှုံးခဲ့ရတယ်
ငါ့အိမ်မက်တွေထိအောင်
ဝင်ရောက်စိုးမိုးနေတတ်လို့
မရေးဖူးတဲ့ စာသားလေးတစ်ကြောင်း
ဒိုင်ယာရီမှာ ချရေးမိခဲ့တယ်
" (------) ရယ်ချစ်လိုက်တာကွာ "
မင်းနဲ့ပတ်သက်လို့ မရေးဖူးတဲ့
ခံစားချက် ကဗျာတစ်ပုဒ်စရေးဖြစ်ခဲ့တယ်
" ချစ်ခြင်းအစ ရင်ခုန်သံက "
အခုတော့.....ငါနားလည်လိုက်ပ
အချစ်ဆိုတာ......
- နေမထိ







0 comments:
Post a Comment